Healthy Life Ad
Health Tips

ကိုယ်အလေးချိန် လျော့ကျလိုသူတို့အတွက် ဆာလောင်မှုကို ထိန်းချုပ်ပေးသည့်အစာများ

၊ ငွေကြယ်စင်ယံ

ရုံးပတီသီး
ရုံးပတီသီးမှာ ဗီတာမင်အေ၊ ဗီတာမင် B6 နဲ့ ဗီတာမင်စီ၊ ဖောလိတ်၊ ကယ်လ်စီယမ်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့များစွာ ပါဝင်ပါတယ်။ ဒါကြောင့် သင့်အစာထဲ ရုံးပတီသီးထည့်စားတဲ့အခါ နာရီပေါင်းများစွာ ဗိုက်မဆာဘဲနေနိုင်မှာပါ။

ဂျုံမှုန့်အကြမ်း
ဂျုံမှုန့်အကြမ်းမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်အပြင် ပရိုတင်းဓာတ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆီလီနီယမ်၊ မဂ္ဂနိစ်နဲ့ သံဓာတ်တို့ပါဝင်ပါတယ်။ အမေရိကန်ဆေးဂျာနယ်ရဲ့ ၁၅ နှစ်တာ လေ့လာမှုအရ ဂျုံမှုန့်အကြမ်းကိုစားတာကြောင့် မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပြီး နှလုံးရောဂါအန္တရာယ်ကိုလည်း လျော့နည်းစေပါတယ်။

သစ်တော်သီး
သစ်တော်သီးမှာပန်းသီးမှာထက် ပက်တင်အမျှင်ဓာတ် ပါဝင်တဲ့အပြင် အင်တီအောက်ဆီးဒင့်ကွာဆီတင်ပါဝင်တာကြောင့် ကင်ဆာနဲ့ သွေးကြောထိခိုက်မှုတို့မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ပဲနီစေ့
ပဲနီစေ့မှာ ပရိုတင်းဓာတ်ပါဝင်တဲ့အတွက် သက်သတ်လွတ်စားချင်တဲ့အခါ ကြက်သား၊ တူနာနဲ့ ငါးတွေ အစာစားတဲ့အခါ စိတ်ကျေနပ်မှုရရှိပြီး တော်တော်နဲ့ ဗိုက်မဆာတော့ပါဘူး။

ကုလားပဲ
ကုလားပဲကို စားတာကြောင့် နှလုံးသွေးကြောရောဂါအန္တရာယ်ကို လျော့ကျစေပါတယ်။ အမေရိကန်မှာ အမျိုးသား၊ အမျိုးသမီး တစ်သောင်းနီးပါးကို လေ့လာမှုအရ ပဲကိုတစ်ပတ်လေးကြိမ်နဲ့အထက် စားသူတွေက တစ်ပတ်တစ်ကြိမ်အောက် စားသူတွေထက် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ ၂၂ ရာခိုင်နှုန်း လျော့ကျမှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။

လိမ္မော်သီး
လိမ္မော်သီးတွေမှာ အမျှင်ဓာတ်၊ အထူးသဖြင့် ဗိုက်ပြည့်စေတဲ့ ပက်တင်ဓာတ်ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်စီလည်း အများအပြား ပါဝင်တဲ့အတွက် ကိုယ်အလေးချိန် ထိန်းလိုသူတွေ စားသင့်တဲ့အစာပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top