Healthy Life Ad
Health Tips

အားကစားသမားများ လေ့ကျင့်ခန်းလုပ်စဉ်ကြွက်တက်ခြင်း ကင်းဝေးစေဖို့

၊ လရိပ်မေ ၊

ရေဓာတ်
လေ့ကျင့်ခန်းကို တစ်နာရီထက် ပိုကြာကြာလုပ်မယ်ဆိုရင် ရေအပြင် တခြားဓာတ်တွေကိုပါ ဖြည့်တင်းပေးသင့်ပါတယ်။ မာရသွန်လိုအချိန်အကြာကြီးကစားရတဲ့ လေ့ကျင့်ခန်းတွေမှာ ရေဓာတ်တွေလျော့နည်းပြီး ကိုယ်အလေးချိန်ကျသွား တတ်ပါတယ်။ တကယ်တော့ အားကစားမလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာ ကိုယ်အလေးချိန်က နှစ်ရာခိုင်နှုန်း ထက် ပိုမကျအောင်ထိန်းရပါတယ်။ ကားပြိုင်ပွဲတွေမှာတောင် ကားထဲထိုင်နေရတယ်ဆိုပေမယ့် ချွေးတွေအရမ်းထွက်ရင် ကားပြိုင်ပွဲပြီးချိန်မှာ ကိုယ်အလေးချိန်တွေ လျော့ကျနေတတ်ပါတယ်။ ကိုယ်အလေးချိန် ၂ ဒသမ ၂၅ ပေါင်ကျသွားတာက ရေတစ်လီတာ ဆုံရှုံးသွားတာနဲ့အတူတူပါပဲ။ အားကစားလုပ်တဲ့နေရာက အပူချိန်ဘယ်လိုရှိတယ်၊ စိုထိုင်းမှု ဘယ်လောက် ရှိတယ်ဆိုတာကိုကြည့်ပြီး ပျမ်းမျှအားဖြင့် တစ်နာရီလှုပ်ရှားတာက ရေ ၁ ဒသမ ၈ လီတာဆုံးရှုံးနိုင်တယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် ၃နာရီလောက်ကြိုပြီးတော့ ရေသန့်ဘူးတစ်ဝက်သောက်ထားသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေတဲ့ အချိန်တွေမှာလည်း ကိုယ်အလေးချိန် တစ်ပေါင်လျော့တိုင်း ရေ ၅၀ဝ မီလီလီတာ ပြန်သောက်ဖို့ လိုပါတယ်။

ဆိုဒီယမ်၊ ကာဗိုဟိုက်ဒရိတ်နှင့်အချိုဓာတ်
အရည်ပဲဖြစ်ဖြစ်၊ အစားသောက်ပဲဖြစ်ဖြစ် ဆိုဒီယမ်ပါတာကို စားသောက်ထားရင် ရေဓာတ်ကို ပိုထိန်းထားနိုင်ပါတယ်။ တာဝေးအပြေးသမားတွေ ဆိုရင်လည်း တစ်နာရီဆိုရင် ၁ ဒသမ ၄ လီတာလောက် ကုန်ဆုံးနေတယ် ဆိုတာကို သိထားပြီး ပြန်ဖြည့်ပေးနေဖို့လို ပါတယ်။ ကာဗိုဟိုက်ဒရိတ်ကလည်း ၁၀ ရာခိုင်နှုန်းထက်မပိုသင့်ပါဘူး။ အားဖြည့် အချိုရည်တွေသောက်ရင် ကာဗိုဟိုက်ဒရိတ် အများကြီးပါတာ မသောက်သင့်ပါဘူး။ အချိုဓာတ်သိပ်များတာလည်း မသောက်သင့်ပါဘူး။ အချိုရည် ခုနစ်ရာခိုင်နှုန်းလောက်က အသင့်တော်ဆုံးလို့ဆိုပါတယ်။

အာဟာရဓာတ်
တချို့စက်ဘီးပြိုင်ပွဲတွေက တစ်ပြိုင်နက်တည်း ၆နာရီလောက် ပြိုင်ရတာရှိပါတယ်။ အဲဒီလူတွေက ၆နာရီလောက် ဘာမှမစားဘဲ ဆက်တိုက်စက်ဘီးနင်းရပါတယ်။ သူတို့တွေကို မနက်အစောပိုင်း အစာအများကြီး စားခိုင်းရပါတယ်။ ၄ နာရီ ထက်ပိုတဲ့ အားကစားတွေက အာဟာရဓာတ်တွေပါ လိုအပ်ပါတယ်။ နာရီနည်းနည်းပဲ ပြိုင်တယ်ဆိုရင်တော့ ရေဓာတ်လောက်ပဲဖြည့်ဖို့ အရေးကြီးတာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top