Healthy Life Ad
Health Tips

ဝေဒနာသက်သာလျော့ပါးစေမည့် အလွယ်ကုထုံး

၊ လရိပ်မေ ၊

လက်ချောင်းတွေကို ဖိနှိပ်ပေးရုံနဲ့ လတ်တလောခံစားရတတ်တဲ့ ဝေဒနာအသေးအမွှားတွေကို သက်သာလျော့ပါးစေတယ်လို့ လေ့လာမှုအရသိရပါတယ်။


– လက်မ
လက်မက ပူပင်သောကများတာနဲ့ ခေါင်းကိုက်ဝေဒနာတို့နဲ့ ဆက်နွှယ်မှုရှိပါတယ်။ ခေါင်းကိုက်နေရင် လက်မကို တခြားဘက်တစ်ဖက်နဲ့ ပုံပါအတိုင်း ညင်ညင်သာသာဆုပ်ထားလိုက်ပါ။ ငါးမိနစ်လောက် ဆုပ်ကိုင်ထားလိုက်ရင် နာကျင်မှုဝေဒနာ သက်သာသွားပါလိမ့်မယ်။


– လက်ညှိုး
လက်ညှိုးက ကြွက်သားနာကျင်မှု၊ စိတ်ဓာတ်ကျတာ၊ ကြောက်ရွံ့တာနဲ့ ရှက်ရွံ့တာတို့နဲ့ ဆက်နွှယ်မှုရှိပါတယ်။ မင်နီဆိုးတားတက္ကသိုလ်ရဲ့ လေ့လာမှု အရ ခါးနောက်ကျောနဲ့ ကြွက်သားနာကျင်ကိုက်ခဲတဲ့ လူနာတွေဟာ ဒီကုထုံးပြီးတဲ့နောက် အနည်းငယ်သက်သာတယ်လို့ သိရပါတယ်။ လုပ်ရမယ့်နည်းက သင့်လက်ညှိုးကို တခြားလက်ဖဝါးနဲ့ အချိန်ငါးမိနစ်ခန့် ဆုပ်ထားပေးရမှာပါ။


– လက်ခလယ်
သင် စိတ်တိုဒေါသထွက်နေရင် ဒါမှမဟုတ် ခါတိုင်းထက် ပိုပင်ပန်းနေရင် လက်ခလယ်ကို တခြားလက်တစ်ဖက်နဲ့ ပုံပါအတိုင်းဆုပ်ထားပေးလိုက်ပါ။ လေ့လာမှုအရ ဒီနည်းက သွေးတိုးကျစေပြီး စိတ်တည်ငြိမ်စေတယ်လို့ သိရပါတယ်။


– လက်သူကြွယ်
လက်သူကြွယ်ကို ပုံမှာ ပြထားတဲ့အတိုင်း တခြားလက်တစ်ဖက်နဲ့ ငါးမိနစ်ခန့် ဆုပ်ကိုင်ပေးရင် မကောင်းတဲ့ စိတ်ခံစားမှုနဲ့ ဝမ်းနည်းမှုတွေ လျော့ပါးသွားပါလိမ့်မယ်။ စိတ်တည်ငြိမ်အေးချမ်းစေဖို့ ဝင်လေထွက်လေကိုပါ မှတ်နေပါ။


– လက်သန်း
လက်သန်းက ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်၊ စိတ်ဖိစီးမှုနဲ့ စိတ်လှုပ်ရှားလွန်းတာတွေနဲ့ ဆက်နွှယ်မှု ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု လျော့ကျ တယ်လို့ ခံစားရရင် လက်သန်းကို ငါးမိနစ်လောက် ဖိနှိပ်ထားသင့်ပါတယ်။ အဲဒီအချိန်မှာ ကိုယ်ရဲ့ ကောင်းတဲ့ အားသာချက်တစ်ခုခုကို တွေးလိုက်ပါ။


– လက်ဖဝါး
လက်ဖဝါးတစ်ဖက်ကို တခြားလက်ချောင်း လေးချောင်းနဲ့ ပုံပါအတိုင်း ဖိနှိပ်ပေးပါ။ စက်ဝိုင်းပုံ စံနှိပ်ပေးပြီး အသက်ရှူထုတ်တာနဲ့ ရှူသွင်းတာကို သုံးကြိမ်တိုင်တိုင် ပြုလုပ်ပေးပါ။ လက်ဖဝါးဆိုတာ လူ့ခံစားချက်တွေစုဆုံရာဖြစ်ပါတယ်။ လေ့လာမှု အရ လက်ဖဝါးကိုနှိပ်ပေးတာကြောင့် ပျို့ချင်အန် ချင်စိတ်ပေါ်တာ၊ စိတ်ဖိစီးမှုများတာ၊ ဝမ်းပျက်ဝမ်း လျှောတာနဲ့ဝမ်းချုပ်တာတို့မဖြစ်အောင် ကာကွယ် ပေးတယ်လို့ သိရပါတယ်။


– လက်ဖဝါးအချင်းချင်း ဖိနှိပ်ခြင်း
ဒီအနေအထားက တရား ထိုင်တဲ့အခါ အများအားဖြင့်သုံးပါ။ ဒါက အာရုံစူးစိုက်မှု ကောင်းစေပြီး အတွေးတွေကို အစီအစဉ်တကျဖြစ်စေပါတယ်။ လက်ဖဝါးကို ဖိနှိပ်ပေးရင် သွေးလှည့်ပတ်မှုကောင်းစေပါတယ်။


– လက်သူကြွယ်ကို လက်မဖြင့် ဖိနှိပ်ခြင်း
ဒီနည်းက အစာမကြေတဲ့ ဝေဒနာကို သက်သာစေပြီး ခန္ဓာကိုယ် ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top