Healthy Life Ad
Health Tips

သုတေသနလေ့လာမှုများအရသိရသည့် အသက် ၁၀ဝ ကျော် ရှည်စေကြောင်း နည်းလမ်းကောင်းများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သင်ဟာပုံမှန်လေ့ကျင့်ခန်းလုပ်သူဖြစ်ပြီး အာဟာရပြည့်ဝတဲ့အစားအသောက်ကို စားလေ့ရှိတာနဲ့တင် သင့်ကိုယ်သင် သက်ရှည်ကျန်းမာဖို့အတွက် လုံလောက်ပြီလို့ မထင်မိဘူးလား။ မကြာခဏပင် ပန်းနွမ်းနယ်နေတတ်တာကြောင့် အသက်ရှည်ရှည်နေရမှာမဟုတ်ဘူးလို့ ထင်နေပါသလား။ သုတေသနလေ့လာမှုတွေအရ သက်ရှည်ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့နည်းလမ်းတွေ အကြောင်းကို ကျွန်မတို့သိခွင့်ရခဲ့ပါတယ်။

(၁) တင်ပါးကြီးခြင်း

အောက်စဖို့တက္ကသိုလ်ရဲ့လေ့လာမှုအရ တင်ပါးကြီးတဲ့အမျိုးသမီးတွေဟာ နှလုံးရောဂါ ဒါမှမဟုတ် ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ ရောဂါတွေနဲ့ သေဆုံးနိုင်ခြေ သိသိသာသာလျော့နည်းတယ်လို့သိရပါတယ်။

(၂) အရက်အလွန်အကျွံမသောက်ခြင်း

အရက်ကိုစွဲသောက်သူတွေနဲ့ အရက်ကိုရံဖန်ရံခါမှသာ အသင့်အတင့်သောက်တတ်သူတွေကို ယှဉ်ပြီးလေ့လာတဲ့ လေ့လာမှုအရ အရက်ကိုအလွန်အကျွံစွဲသောက်သူတွေက အချိန်မတိုင်ခင် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ခြေပိုများတာကို တွေ့ရှိခဲ့ရပါတယ်။

(၃) ပန်းသီးစားခြင်း

ပန်းသီးကို ပုံမှန်စားတာကြောင့် ပန်းသီးထဲမှာပါတဲ့ အင်တီအောက်ဆီးဒင့်ကိုရရှိတာဟာ သက်တမ်းကို ၁၀ရာခိုင်နှုန်းခန့် ပိုရှည်စေနိုင်ကြောင်း လေ့လာမှုတွေကဆိုပါတယ်။

(၄) ကျောင်းကို နောက်ကျမှထားခြင်း

သင့်ကလေးကို အသက်ခြောက်နှစ်မပြည့်ခင် ကျောင်းစထားတာဟာ သူ့ဘဝအတွက်ဆိုးကျိုးကို ဖြစ်စေနိုင်ပါတယ်။ ကလေးရဲ့ကျန်းမာရေးဟာ သူ့အတန်းဖော်တွေနဲ့ အသက်တူမှသာ ပိုကောင်းပါတယ်။

(၅) အပျိုကြီးဖြစ်ခြင်း

လေ့လာမှုတွေအရ အမျိုးသမီးတွေမှာ လက်မထပ်ဘဲနေတာက အိမ်ထောင်ပြုတဲ့အမျိုးသမီးတွေထက်ပိုပြီး အသက်ရှည်တယ်လို့ သိရပါတယ်။

(၆) ဂျပန်တွင် နေထိုင်ခြင်း

ဂျပန်လူမျိုးတွေက ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးလူမျိုးတွေဖြစ်ကြပါတယ်။ (ငလျင်ဒဏ်တော့ မခံရစေနဲ့ပေါ့။)

(၇) ပုံမှန်အိပ်စက်အနားယူခြင်း

လတ်တလောလေ့လာမှုအရ တစ်ညမှာ ခုနစ်နာရီအိပ်သူတွေက ကိုးနာရီကျော်ကြာတဲ့အထိ အိပ်သူတွေနဲ့ယှဉ်ရင် စောစောသေဆုံးနိုင်တဲ့ ရာခိုင်နှုန်းအနည်းငယ်ပိုတာကို တွေ့ရပါတယ်။ လေးနာရီနဲ့ အောက်ပဲအိပ်ရင်တော့ ကျန်းမာရေးအတွက်အဆိုးဆုံးပါပဲ။

(၈) သွားတိုက်ခြင်း

ခံတွင်းထဲမှာ ဘက်တီးရီးယားပိုးတွေရှိနေတာက သွေးလွှတ်ကြောတွေကို ပိတ်ဆို့မှုဖြစ်စေကာ နှလုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မှန်မှန်သွားတိုက်ပါ။

(၉) ဘာသာတရားကိုင်းရှိုင်းခြင်း

ပုံမှန်ဘုရားရှိခိုး၊ ဘာသာရေးကိုင်းရှိုင်းတဲ့သူတွေဟာ ဘာသာတရားကင်းမဲ့သူတွေထက် ပျမ်းမျှအားဖြင့် သုံးနှစ်ကျော် ပိုအသက်ရှည်ရှည်နေရတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

(၁၀) မိခင်ကို ချစ်မြတ်နိုးခြင်း

ဟားဗတ်တက္ကသိုလ်ရဲ့လေ့လာမှုအရ မိခင်ကိုချစ်ပြီး မိခင်နဲ့နွေးထွေးရင်းနှီးစွာနေသူ ၉၁ရာခိုင်နှုန်းဟာ သက်လတ်ပိုင်းအရွယ်မှာ ပြင်းထန်ဆိုးရွားတဲ့ ရောဂါလုံးဝမရှိတာကို တွေ့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top