Healthy Life Ad
Health Tips

အသက်ကြီးသူတို့အတွက် ဆောင်းတွင်းကျန်းမာရေးလမ်းညွှန်

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ဆောင်းတွင်းမှာ အသက်ကြီးသူတွေ၊ အထူးသဖြင့် အိမ်ထဲမှာပဲ အနေများတဲ့အခါ စိတ်ဓာတ်ကျတာ၊ ထိုင်းမှိုင်းငြီးငွေ့တာ စတာတွေ အဖြစ်များသလို အပြင်ထွက်ရင်လည်း လေအေးတိုက်ခတ်တာကြောင့် အအေးမိဝေဒနာနဲ့ တုပ်ကွေးဖြစ်လွယ်စေပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာနေစေဖို့ အသက်ကြီးသူတွေ ဆောင်းတွင်းကာလတစ်လျှောက်လုံး ကျန်းမာအောင် ထိန်းသိမ်းသင့်တဲ့နည်းတွေကို အကြံပြုလိုက်ပါတယ်။

– နေခြည်နုနု ခံယူပါ

နံနက်စောစော နေခြည်နုနုဖြာကျချိန်မှာ အပြင်ထွက်ပေးတာကြောင့် ရောဂါပိုးတွေကို တွန်းလှန်နိုင်စွမ်း ကောင်းစေပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ရတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝနရီကိုထိန်းချုပ်ပေးပြီး ညဘက်မှာ အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။ နံနက်ခင်းအပြင်ထွက်ရမှာ အေးတယ်ဆိုရင် နေရောင်ခြည်ဖြာကျနေတဲ့ ပြတင်းပေါက်နားမှာ ထိုင်ပေးပါ။ ဗီတာမင်ဒီကိုလည်း ရရှိစေတဲ့အတွက် ကိုယ်ခံအားစနစ်ကောင်းစေပါတယ်။

– ကျန်းမာရေးနှင့်အညီ စားသောက်ပါ

ဘယ်အချိန်မဆို ကျန်းမာရေးနဲ့အညီ စားသင့်တာမှန်ပေမယ့် ဆောင်းတွင်းမှာ လတ်လတ်ဆတ်ဆတ်ရနိုင်တဲ့ အပင်ထွက်အစာတွေကို ဘယ်တော့မှလက်လွတ်မခံပါနဲ့။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားတာကြောင့် လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေကို ရရှိစေပြီး ကူးစက်ပိုးတွေကို တွန်းလှန်နိုင်စွမ်းရှိစေပါတယ်။ ဒါ့အပြင် ရောဂါတွန်းလှန်နိုင်တဲ့ ကိုယ်ခံစွမ်းအားစနစ်ကိုလည်း ကောင်းစေပါတယ်။

– ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ

ဆောင်းတွင်းဟာ စောင်ထူထူကြားမှာ ကွေးအိပ်နေချင်စရာ အကောင်းဆုံးအချိန်ပါ။ ဒါပေမဲ့ အသက်ကြီးသူတွေ သွေးလှည့်ပတ်မှုကောင်းမွန်စေဖို့ လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် ဆောင်းနံနက်ခင်းမှာ လမ်းလျှောက်ပေးပါ။

– ရေချိုးချိန်ကို ထိန်းချုပ်ထားပါ

ရေကြာကြာချိုးတာကြောင့် အအေးမိကူးစက်ပိုးတွေ ရရှိစေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ ဖန်းဂတ်စ်နဲ့ ဘက်တီးရီးယားပိုးဝင်မှုကို တွန်းလှန်နိုင်ဖို့ ရေချိုးချိန်ကို ကန့်သတ်ထားသင့်ပါတယ်။

– အိပ်ရာခင်း၊ စောင်များကို နေပူလှန်းပေးပါ

အသက်ကြီးသူတွေရဲ့ အိပ်ရာခင်းနဲ့စောင်တွေကို မကြာခဏနေပူလှန်းပေးမှသာ ဓာတ်မတည့်ဖြစ်စေတဲ့ အရာတွေနဲ့ ပိုးမွှားတွေ လျော့ကျသွားမှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top