Healthy Life Ad
Life Style

ရှလကာရည်သုံးပြီး ဗောက်ဖယ်ရှားနည်း

၊ လရိပ်မေ ၊

ဗောက်ထတာက ဦးရေပြားကို အလွန်အမင်းယားယံစေပါတယ်။ ဗောက်ပျောက်စေဖို့ဘယ် လိုရှမ်ပူကိုသုံးသုံး မသက်သာတဲ့သူတွေအတွက် ရှလကာရည်သုံးပြီး ဗောက်ဖယ်ရှားနည်းကို ရေးသားလိုက်ရပါတယ်။

အဆင့် (၁) အရင်ဆုံး ရှလကာရည်ကို သင့်ဆံပင်သားအနှံ့ လိမ်းပေးပါ။ မျက်စိတွေထဲ မဝင်စေဖို့သတိထားပါ။ ဆံပင်သား အနှံ့လိမ်းပြီးတဲ့အခါ ဦးရေပြားကို ရှလကာရည်စိုစွတ်အောင်လောင်းပြီး နှိပ်နယ်ပေးပါ။

အဆင့် (၂) မိနစ်အနည်းငယ်ကြာ ရှလကာရည် ခြောက်သွားတဲ့အထိထားပါ။ အနံ့အသက် အ နည်းငယ်စွဲကျန်နိုင်ပေမယ့် ရေဆေးချလိုက်တဲ့အခါ အနံ့အသက်လျော့ပါးသွားပါလိမ့်မယ်။

အဆင့် (၃) ရှလကာရည်လိမ်းပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ဆံပင်ကို ခါတိုင်းခေါင်းလျှော်သလို လျှော်လိုက်ပါ။ ရှမ်ပူနဲ့ကွန်ဒီရှင်နာကို အလွန်အမင်း မသုံးပါနဲ့။ လက်ဖက်ဆီအခြေခံတဲ့ ဆံပင်သုံးပစ္စည်း တွေကိုသုံးပြီး သန့်စင်ရင် ဗောက်ကင်းစင်စေပါတယ်။

အဆင့် (၄) ဗောက်ပျောက်တဲ့အထိ ရှလကာရည် နဲ့ခေါင်းလျှော်ပေးပါ။ ရက်အနည်းငယ်အတွင်း ဗောက်ကင်းစင်သွားပါလိမ့်မယ်။

အစွမ်းပိုထက်စေရန်

– ရှလကာရည်ထဲကို လက်ဖက်ဆီသုံးစက်ခန့် ထည့်ပြီး အသုံးပြုရင် သဘာဝပိုးသတ်အာနိသင်ရှိစေပါတယ်။

– ဆီလီနီယမ်၊ ဗီတာမင်ဘီအုပ်စု၊ ဗီတာမင်အီး နဲ့ ဇင့်(သွပ်)ဖြည့်စွက်ဆေးတို့ကိုမှီဝဲတာကြောင့် ဗောက်သက်သာစေပါတယ်။

– ဆီကြော်စာ၊ နို့နဲ့နို့ထွက်ပစ္စည်း၊ သကြား၊ ချောကလက်နဲ့ အခွံမာသီးတွေကို တတ်နိုင်သမျှ လျှော့စားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top