Healthy Life Ad
Health Tips

ဗောက်ထခြင်း

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ဗောက်ထတဲ့အခါ သဘာဝနည်းနဲ့ ကုသလို့ရမယ့် နည်းလမ်းတွေ ရှိပါတယ်။

သဘာဝဆေး (၁) အုန်းဆီ

အုန်းဆီမှာ သဘာဝအစိုဓာတ် ထိန်းနိုင်စွမ်းရှိတာကြောင့် ယားယံတဲ့ဦးရေပြားကို သက်သာစေပြီး ဗောက်တွေကို ကင်းစင်စေပါတယ်။ အုန်းဆီကို ဦးရေပြားမှာ တိုက်ရိုက်ပွတ်လိမ်းပေးပါ။

သဘာဝဆေး (၂) ဆော်ဒါမှုန့်

ဆော်ဒါမှုန့်မှာ ဦးရေပြားကို သဘာဝအစိုဓာတ် ဟန်ချက်ညီစေတဲ့ အစွမ်းရှိတာကြောင့် ဆော်ဒါမှုန့် ထမင်းစားဇွန်းတစ်ဇွန်းကို စိုစွတ်နေတဲ့ဆံပင်နဲ့ ဦးရေပြားမှာ သုတ်လိမ်းကာ မိနစ်အနည်းငယ်ကြာ နှိပ်နယ်ပေးပါ။ ပြီးမှရေဆေးချရမှာ ဖြစ်ပါတယ်။

သဘာဝဆေး (၃) ပန်းသီးရှလကာရည်

ပန်းသီးရှလကာရည်မှာ အစွမ်းထက် ဖန်းဂတ်စ်မှိုသတ်ဆေး ပါဝင်ပါတယ်။ ဒါကြောင့် ဦးရေပြားအရင်းကို ပန်းသီးရှလကာရည် ပွတ်လိမ်းပေးရင် ဖန်းဂတ်စ်မှိုတွေကို သေစေပြီး ဗောက်ပျောက်စေပါတယ်။ ပန်းသီးရှလကာရည် လက်ဖက်စားဇွန်းတစ်ဇွန်းကို ရေတစ်ဖန်ခွက်နဲ့ သောက်ပေးရင် ကိုယ်တွင်းစံအဆင့်ကို ဟန်ချက်ညီစေပြီး မှိုပိုးပေါက်ပွားမှုကို ဟန့်တားပေးနိုင်ပါတယ်။

သဘာဝဆေး (၃) သံလွင်ဆီ

ဦးရေပြားကို သံလွင်ဆီနွေးနွေးလေးလိမ်းပြီး နှိပ်နယ်ပေးပါ။ ဦးခေါင်းကို တဘတ်နဲ့အုပ်ပြီး ၅- ၁၀ မိနစ်ကြာ ထားပေးပါ။ ဗောက်ကင်းစင်စေရုံသာမက ဆံပင်သားကို ချောမွေ့နူးညံ့စေပါတယ်။

သဘာဝဆေး (၅) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်အနှစ်က အကောင်းဆုံး ကွန်ဒီရှင်နာဖြစ်တဲ့အတွက် ဦးရေပြားခြောက်သွေ့မှု ကင်းစင်စေပါတယ်။ ပိုးသတ်အစွမ်းရှိတာကြောင့် ဦးရေပြားရှိ ဗောက်ထစေတဲ့ ပိုးတွေကို ကင်းစင်စေတာပါ။

သဘာဝဆေး (၆) အက်စ်ပရင်

အက်စ်ပရင်မှာ ဆလီးစလစ်အက်စစ်ပါတာကြောင့် ဘက်တီးရီးယားတွေကို တွန်းလှန်ပေးပြီး ဦးနှောက်က အရေပြားဆဲလ်သေတွေကို ကင်းစင်စေပါတယ်။ အက်စ်ပရင်ဆေးပြားနှစ်ပြားကို ကြိတ်ချေပြီး ရှမ်ပူထဲထည့်ကာ ပုံမှန်ခေါင်းလျှော်သလို လျှော်ပေးပါ။

Most Popular

Healthy Life Ad
To Top