Healthy Life Ad
Health Tips

ကိုယ်ကျန်းမာပြီး စိတ်ပျော်ရွှင်စေဖို့ နှိပ်ပေးသင့်တဲ့ ခြေဖဝါးနေရာများ

၊ လရိပ်မေ ၊

ခြေဖဝါးမှာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအတော်များများကို တုန့်ပြန်တဲ့နေရာတွေရှိတဲ့အတွက် ခြေဖဝါးကို နှိပ်နယ်ပေးရင် စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။

– ခြေဖဝါးကို ဘယ်လို နှိပ်ပေးရမှာလဲ
ခြေဖဝါးတစ်ပြင်လုံးကို နှိပ်နယ်တာက ကောင်းပါတယ်။ ပထမဆုံးအနေနဲ့ ခြေထောက်ကို ဆွဲဆန့်လေ့ကျင့်ခန်းလုပ်ပါ။ ခြေဖဝါး သက်သက်နဲ့ အခန်းတွင်း လမ်းလျှောက်ပါ။

(၁) ခြေဖဝါးတစ်ပြင်လုံးကို ညင်ညင်သာသာ နှိပ်ပေးပါ။ ပြီးရင် ခြေချောင်းတွေကနေ ခြေဖနောင့်အထိ အချိန် ၃-၇ စက္ကန့်လောက် ဆွဲယူနှိပ်ပေးပါ။ ခြေချောင်းတွေကို နှိပ်တဲ့အခါ ဆွဲဆန့်ပေးပါ၊ ခြေဖဝါးပြင်ကိုနှိပ်တဲ့အခါ ပုတ်ပေးပါ၊ ပွတ်ပေးပါ။

(၂) နှိပ်တဲ့အခါ လက်မတွေကို သုံးပြီးဖိပေးပါ။ တစ်မိနစ်ထက် ပိုမနှိပ်ပါနဲ့။ သင်နှိပ်နယ်တဲ့ ပုံစံက မှန်တယ်ဆိုရင် နာကျင်မှုတောင် ပျောက်သွားပါလိမ့်မယ်။

(၃) ခြေဖဝါးနှိပ်နယ်မှု မလုပ်သင့်တဲ့ အခြေအနေတွေက ဖျားနေတဲ့အခါ၊ သွေးခဲတဲ့အခါ၊ နာတာရှည်ရောဂါပိုဆိုးတဲ့အခါ၊ ပြတ်ရှရာက သိသာနေတဲ့အခါနဲ့ ခြေဖဝါးမှာ ဒဏ်ရာရနေတဲ့အခါတွေပဲ ဖြစ်ပါတယ်။

– ခြေဖဝါး၏ အဓိက ဇုန်များ
ဘယ်နဲ့ညာခြေဖဝါးကို အဓိက ဇုန်ငါးခု ခွဲခြားထားပါတယ်။ ခြေဖဝါး ဇုန်အသီးသီးဟာ ခန္ဓာကိုယ် ဧရိယာတချို့နဲ့ ဆက်စပ်နေသလို ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေနဲ့လည်း ဆက်နွှယ်မှုရှိပါတယ်။


– ခြေဖဝါး၏ ပထမဇုန် နေရာများ
ခြေဖဝါးနှစ်ဖက် စလုံးမှာရှိတဲ့ ဇုန်နေရာ တွေက အတူတူပါပဲ။ ဥပမာ မျက်စိကျန်းမာရေး ကောင်းချင်ရင် မျက်စိနဲ့ဆိုင်တဲ့ဇုန်နေ ရာကိုနှိပ်ပေးရမှာပါ။


– ခြေဖဝါး၏ ဒုတိယဇုန် နေရာများ
ခြေဖဝါး ဘယ်နဲ့ ညာမှာရှိတဲ့ ဇုန်အမှတ်တွေရဲ့ အဓိပ္ပာယ်က မတူပါဘူး။ အပြင်းအထန်စိတ်လှုပ်ရှားတဲ့ အခါ ဒါမှမဟုတ် စိတ်ဖိစီးမှုများတဲ့ အခါ ဘယ်ခြေဖဝါးရဲ့ နှလုံးနေရာကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။


– ခြေဖဝါး၏ တတိယဇုန်နေရာများ
ခြေဖဝါးဘယ်နဲ့ ညာမှာရှိတဲ့ ဇုန်အမှတ်တွေရဲ့ အဓိပ္ပာယ်က မတူပါဘူး။


– ခြေဖဝါး၏ စတုတ္ထဇုန်နေရာများ
ခြေဖဝါးနှစ်ဖက်စလုံးမှာရှိတဲ့ ဇုန်နေရာတွေက အတူတူပါပဲ။


– ခြေဖဝါး၏ ပဉ္စမဇုန်နေရာများ
ခြေဖဝါးနှစ်ဖက်စလုံးမှာရှိတဲ့ ဇုန်နေရာတွေက အတူတူပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top