Healthy Life Ad
Health Tips

ပုံမှန် ဆေးကုသမှုခံယူရင်း အနှိပ်ခံခြင်း၏ ကျန်းမာရေးကောင်းကျိုးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ရောဂါဝေဒနာတွေ ရတဲ့အခါ သင့်တော်တဲ့ ဆေးကုသမှုကို ခံယူကြလေ့ရှိပါတယ်။ အဲဒီလို ဆေးကုသမှုခံယူရင်း အနှိပ်ခံတာကြောင့် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

– စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာနဲ့ သွေးတိုးတာကို သက်သာစေပါတယ်

စိတ်ဖိစီးမှုကို ရေရှည်ခံစားရတာကြောင့် လူ့ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာမှာ ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ အနှိပ်ခံတာကြောင့် စိတ်ဖိစီးမှုကို လျော့ပါးစေပြီး စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ ခေါင်းကိုက်တာ၊ သွေးတိုးတာတို့ကိုပါ သက်သာစေပါတယ်။ နာတာရှည်ခေါင်းကိုက်တာနဲ့ သွေးတိုးရောဂါတို့ဖြစ်တဲ့အခါ ပုံမှန် ဆေးကုသမှုကို စနစ်တကျခံယူပါ။

– ကူးစက်ပိုးတွန်းလှန်တဲ့ သဘာဝဆဲလ်တွေကို အားကောင်းစေပါတယ်

အနှိပ်ခံတဲ့ကုထုံးဟာ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး ရောဂါပိုးတွေကို တွန်းလှန်ရာမှာ အရေးပါတဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝ တီဆဲလ်ပမာဏကို တိုးပွားလာစေပါတယ်။

– နာကျင်မှုကို ခံနိုင်ရည်ရှိစေပါတယ်

နာကျင်ကိုက်ခဲတဲ့ ဝေဒနာက လူတစ်ယောက်ရဲ့ ဘဝအရည်အသွေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်ပါတယ်။ ခါးနာတာ၊ နုံးချည့်ညောင်းညာတာနဲ့ အဆစ်ရောင်တာစတဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ အနှိပ်ခံသင့်ပါတယ်။ အနှိပ်ခံတာကို ပုံမှန်ဆေးကုသမှုတွေနဲ့ တွဲဖက်လုပ်ဆောင်တာကြောင့် ကင်ဆာ၊ ခွဲစိတ်မှု၊ ထိခိုက်ဒဏ်ရာတို့ကြောင့်ဖြစ်ရတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာလျော့ပါးစေပါတယ်။

– လေ့ကျင့်ခန်းလုပ်သူတွေမှာ အနာကျက်နှုန်း ကောင်းမွန်စေပါတယ်

ပုံမှန်အနှိပ်ခံတာကြောင့် အားကစားသမားတွေရဲ့သန်စွမ်းကြံ့ခိုင်မှုအဆင့်က ပိုတိုးလာနိုင်ပါတယ်။ လေ့လာမှုတချို့အရ အနှိပ်ခံတာကြောင့် ကြွက်သားနာကျင်မှု၊ တောင့်တင်းမှုနဲ့ နုံးချည့်ညောင်းညာမှုဝေဒနာတို့ကို လျော့ပါးစေပြီး လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ အနာကျက်နှုန်း ကောင်းမွန်စေတယ်လို့ သိရပါတယ်။

– ပြဿနာရှိတဲ့ အစိတ်အပိုင်းတွေကို သက်သာစေပါတယ်

လည်ပင်းနာကျင်မှုဟာ မသန်စွမ်းဖြစ်နိုင်ခြေ အချက်တစ်ခုထဲမှာ ပါဝင်ပါတယ်။ တစ်ပတ်မှာအကြိမ်ရေများများ အနှိပ်ခံတာကြောင့် နာတာရှည်လည်ပင်းနာကျင်မှုဝေဒနာကို သက်သာစေတယ်လို့ လေ့လာမှုအရသိရပါတယ်။

– ကျန်းမာရေးအဆင့် မြင့်တက်စေပါတယ်

ဘယ်အသက်အရွယ်မဆို လူတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစေဖို့ အနှိပ်ခံတာကအသုံးဝင်ပါတယ်။ ပေါင်မပြည့်တဲ့ မွေးကင်းစကလေးတွေမှာ ညင်ညင်သာသာ နှိပ်နယ်ပေးတာကြောင့် ကိုယ်အလေးချိန် မြင့်တက်လာစေပါတယ်။ ဒါ့အပြင် သွေးတိုးကိုကျစေပြီး အသက်ကြီးသူတွေမှာ ခန္ဓာကိုယ် ဟန်ချက်တည်ငြိမ်မှု အားကောင်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top