Healthy Life Ad
Health Tips

ငါးမိနစ်အတွင်း ရောင်ရမ်းခြင်းနှင့် အရေးကြောင်းကင်းစေမည့် ဂျပန်မျက်နှာနှိပ်နယ်ခြင်း

– မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

ဂျပန်အဆာဟိနှိပ်နည်းက ကမ္ဘာတစ်ဝန်း ရေပန်းစားဆုံးနှိပ်နည်းပါ။ သားနံရည်ကျိတ်တွေကို ဦးတည်နှိပ်နယ်တာကြောင့် ရောင်ရမ်းမှုလျော့ကျပြီး မျက်နှာအသားအရေအိုမင်းမှု သက်သာစေပါတယ်။ ဒီနှိပ်နယ်နည်းကို နေ့စဉ်ပြုလုပ်ပေးရင် နှစ်ပတ်အကြာမှာ အရေးကြောင်းတွေနဲ့ မျက်ဝန်းအိတ်တွေ သိသိသာသာ လျော့ပါးပျောက်ကွယ်သွားမှာပါ။

အရေးကြီးသော စည်းမျဉ်းများ

သားနံရည်စနစ်ဆိုင်ရာ ဝေဒနာတွေရှိရင်၊ အရေပြားနီမြန်းနေရင်၊ ထိခိုက်နေရင်၊ အအေးမိနေရင် ဒီနှိပ်နယ်နည်းကို မသုံးသင့်ပါဘူး။ ဒီနှိပ်နယ်နည်း မလုပ်ခင် မျက်နှာသစ်ပြီး လက်ကို ပိုးသတ်ဆပ်ပြာနဲ့ စင်ကြယ်အောင်ဆေးပါ။ သဘာဝဆီကိုသုံးပြီး မျက်နှာချောမွေ့အောင်လိမ်းပါ။ နှိပ်တဲ့အချိန်အတွင်း လက်ချောင်းထိပ်နဲ့ပဲ ဖိနှိပ်ပေးသင့်ပါတယ်။ နားရွက်၊ မေးရိုးတဝိုက်နဲ့လည်ပင်း ကိုနှိပ်တဲ့အခါ ဖိအားကိုလျှော့ပေးပါ။ တစ်နေရာကို သုံးကြိမ်နှိပ်ပေးနိုင်ပါတယ်။ အကောင်းဆုံးထိရောက်မှုရရှိဖို့ နေ့တိုင်း တူညီတဲ့အချိန်မှာ နှိပ်နယ်နည်း လုပ်ပေးပါ။


– အခြေခံ နှိပ်နယ်နည်း

နားရွက်နားကပ်နေတဲ့နားထင်မှာ လက်နှစ်ဖက်ဖိပြီး ပုံ-၁ အတိုင်း လက်ချောင်တွေနဲ့ဖိပါ။ ပြီးရင် လက်ချောင်းတွေကို လည်ပင်းတလျှောက် ပြန်ဆွဲချလာခဲ့ရပါမယ်။ (ပုံ-၂) ဒီထိတွေ့မှုက သားနံရည်ရှိ အရည်စီးဆင်းမှုကောင်းစေပါတယ်။ သုံးကြိမ် ထပ်ခါထပ်ခါ ပြန်လုပ်ပေးရမှာ ဖြစ်ပါတယ်။


– မျက်ဝန်းတစ်ဝိုက်

လက်ခလယ်ကိုသုံးပြီး မျက်ဝန်းအပြင်ထောင့်ကိုဖိပါ။ လက်ချောင်းတွေကို မျက်ဝန်းအောက်တစ်လျှောက် ညင်ညင်သာသာဆွဲပြီး မျက်ဝန်းအတွင်းထောင့် နေရာအထိနှိပ်ပေးရပါမယ်။


– နဖူး

လက်ခလယ်၊ လက်ညှိုးနဲ့ လက်သူကြွယ်ထိပ်လေးတွေသုံးပြီး နဖူးအလယ်ကို ပုံ(၁) အတိုင်း နှိပ်ပေးပါ။ အပေါ်အောက် ဇစ်ဇက်ပုံလှုပ်ရှားမှုသုံးပြီး နဖူးအလယ်ကနေ နားထင်အထိ နှိပ်သွားသင့်ပါတယ်။


– နှုတ်ခမ်းတဝိုက်

ဒီအဆင့်ကို အကုန်လုပ်ပြီး နောက်ဆုံးမှာအခြေခံနှိပ်နယ်နည်းနဲ့ အဆုံးသတ်ရပါမယ်။ မေးစေ့ပေါ် လက်နှစ်ဖက်တင်ပါ။ မေးစေ့အလယ်မှာ လက်သုံးချောင်းတင်ပြီး အပေါ်နှုတ်ခမ်းဆီသို့ စက်ဝိုင်းပုံစံအတိုင်း ရွေ့လျားပေးပါ။ (ပုံ၁) လက်ခလယ်ထိပ်သုံးပြီး နှာခေါင်းဘေးတစ်ဝိုက်မှာ ဖိနှိပ်ကာ နှာခေါင်းအကွေးတလျှောက် ပုံ-၂ အတိုင်း ဖိနှိပ်သွားရပါမယ်။ နှာခေါင်းထိပ်ကနေ ပါးပြင်ဆီ ပုံ-၃ အတိုင်း နှိပ်သွားပါ။


– နှာခေါင်း

မေးစေ့ပေါ်မှာ လက်နှစ်ဖက်လုံးတင်ပါ။ မေးစေ့အလယ်ကနေ လက်ချောင်းသုံးချောင်းကို ဖိထားပါ။ ပုံ(၁)အတိုင်း နှုတ်ခမ်းဘေးကနေ နှာခေါင်းဘေးတစ်လျှောက် အထက်ကို ဖိနှိပ်သွားပါ။ မျက်ဝန်းအတွင်းထောင့်ကနေ နားထင်ဆီသို့ ပုံ-၂ အတိုင်း ဖိနှိပ်သွားရပါမယ်။


– မျက်နှာ

ဘယ်လက်ဖဝါးသုံးပြီး မေးရိုးဘယ်ဘက်ကို ဖိထားပါ။ မေးရိုးညာဘက်အစွန်ကနေ ညာလက်ကိုရွေ့လာပြီး မျက်ဝန်းအတွင်းနေရာအထိ ပုံ-၁ အတိုင်းနှိပ်ပါ။ ပြီးရင် အောက်မျက်ဝန်းအတွင်းကနေ နားထင်နေရာအထိ ဖိနှိပ်ပေးပါ။ နောက်ဆုံးမှာ အခြေခံနှိပ်နည်းနဲ့ အဆုံးသတ်ပါ။ ပြီးရင် ညာဘက်နဲ့ ညာမေးရိုးကို ဖိထားရင်း တစ်ဖန်ပြန်လုပ်ပါ။


– ပါးပြင်

လက်နှစ်ဖက်ကို မေးစေ့ပေါ်တင်ပြီး နှုတ်ခမ်းပေါ်ကနေ ပုံ-၃ မှာ ပြထားတဲ့အတိုင်း ဖိနှိပ်သွားရပါမယ်။


နောက်တစ်နည်းအနေနဲ့-

နှာခေါင်းဘေးမှာ လက်နှစ်ဖက်တင်ထားပါ။ လက်ချောင်းသုံးချောင်းနဲ့ပဲ ဖိနှိပ်ရပါမယ်။ (ပုံ-၁)
လက်ချောင်းတွေကို ပါးရိုးတလျှောက်ဆွဲရင်း နားထင်ဆီ ဦးတည်ပါ။ (ပုံ-၂)
လက်ကောက်ဝတ်ကိုသုံးပြီး လက်တံတောင်ကို ဘေးကားထားရပါမယ်။


– မေးစေ့

လက်တွေကို မေးစေ့ပေါ်မှာ ပုံ(၁)အတိုင်းတင်ကာ ဦးခေါင်းအနည်းငယ်ငုံ့ထားပါ။ ပြီးရင် လက်ဖဝါးအောက်ခြေနဲ့ ဖိနှိပ်ကာ မျက်နှာဘေးကနေ နားသန်သီးနေရာအထိ နှိပ်သွားရပါမယ်။


– အေဇုံ

မေးစေ့အောက်မှာ လက်မနှစ်ဖက်ထားပြီး ညာဘက်နဲ့ ဘယ်ဘက်လက်ကလက်ချောင်းတွေကို သုံးကာ နှာခေါင်းဘေးမှာစနှိပ်ပါ။ တဖြည်းဖြည်းနဲ့ ပုံ-၁ မှာ ပြထားတဲ့ မြားအတိုင်းနားထင်ဆီကို နှိပ်လာရမှာ ဖြစ်ပါတယ်။

ထိရောက်မှု

ဒီနှိပ်နည်းကို သေချာပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။ မှန်မှန်ပြုလုပ်ရင် သိသာတဲ့ အာနိသင်ရရှိစေပါတယ်။ ၁၀ နှစ်လောက် အရွယ်တင်နုပျိုစေတဲ့ နှိပ်နည်းဆိုရင်လည်း မမှားပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top