Healthy Life Ad
Health Tips

သခွားမွှေးသီးစားတာကြောင့် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

သခွားမွှေးသီးဟာ သစ်သီးတွေအားလုံးအနက် ဗီတာမင်အေအများဆုံးပါဝင်တဲ့ သစ်သီးဖြစ်ပါတယ်။ သခွားမွှေးသီး တစ်ခွက်(၁၇၇ဂရမ်)မှာ ဗီတာမင်အေ (အဓိကအားဖြင့် ဘီတာကယ်ရိုတင်းပုံစံနဲ့) ၅၉၈၇ အိုင်ယူ ပါဝင်ပါတယ်။

(၁) အသားအရေကို ကျန်းမာလှပစေခြင်း
ဗီတာမင်အေပါဝင်မှု များလွန်းတာကြောင့် လွန်ကဲစွာ မစားသင့်ပေမယ့် သခွားမွှေးသီးအသင့်အတင့် စားပေးတာကြောင့် ရရှိတဲ့ အာဟာရဓာတ်တွေက အန္တရာယ်ကင်းပါတယ်။ ပြီးရင် ဝက်ခြံနဲ့ အရေးကြောင်းတွေကို သက်သာစေပါတယ်။ သခွားမွှေးသီးကို တစ်ခွက်စာ ပမာဏ စားရုံနဲ့ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေပမာဏရဲ့ ၁၀ဝ ရာခိုင်နှုန်းကျော် ရရှိနိုင်ပါတယ်။(ဗီတာမင်အေ ၁၂၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။)

(၂) အမြင်အာရုံကို ကောင်းမွန်စေခြင်း
သခွားသီးမှာပါတဲ့ ဗီတာမင်အေက အမြင်အာရုံကိုထိန်းပေးပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

(၃) ကူးစက်ပိုးများကို တွန်းလှန်နိုင်ခြင်း
သခွားမွှေးသီးကို ဖျော်ရည်ဖျော်တိုက်ပေးရင် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး ဗိုင်းရပ်စ်တွေကို တွန်းလှန်ပေးတာကြောင့် နာမကျန်းမှုကို မဖြစ်စေနိုင်ပါဘူး။ သခွားမွှေးသီးမှာ ဗီတာမင်စီ ၁၀၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။

(၄) သွားနှင့် သွားဖုံးကို ကျန်းမာစေခြင်း
သွားနဲ့တာနဲ့ သွားဖုံးသွေးထွက်တာက ခန္ဓာကိုယ်ထဲမှာ ဗီတာမင်စီချို့တဲ့နေကြောင်း ပြသနေပါတယ်။ သခွားမွှေးသီးလို ဗီတာမင်စီပေါများတဲ့ သစ်သီးကိုစားပေးတာကြောင့် အပြုံးလှလှပြုံးနိုင်စေပါတယ်။

(၅)ဆီးလမ်းကြောင်းပိုးဝင်မှုမဖြစ်စေရန် ကာကွယ်ခြင်း
သခွားမွှေးသီးမှာ ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ခန္ဓာကိုယ်တွင်းစနစ်ထဲက ဘက်တီးရီးယားတွေကို ဖယ်ထုတ်နိုင်ပါတယ်။ ဗီတာမင်စီပါဝင်မှု မြင့်မားတာကြောင့် ဆီးလမ်းကြောင်းရှိ အန္တရာယ်ကင်းတဲ့ ပိုးမွှားတွေကို လျော့ကျစေပါတယ်။

(၆) မြန်မြန် အနာကျက်စေခြင်း
ဗီတာမင်စီဟာ အန္တရာယ်အကင်းဆုံးနဲ့ အထိရောက်ဆုံးအာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်စီများစွာ ပါဝင်တာကြောင့် သခွားမွှေးသီးကို စားပေးရင် ကော်လာဂျင်ဖြစ်ပေါ်မှု များစေပြီး အရေပြားနဲ့ အမာရွတ်တစ်သျှူးတွေကို အားကောင်းစေပါတယ်။

(၇) သွေးဖိအားကို လျော့ကျစေခြင်း
သခွားမွှေးသီးမှာပါတဲ့ပိုတက်စီယမ်က ငှက်ပျောသီးမှာပါတဲ့ ပိုတက်စီယမ်နီးပါး ရှိပါတယ်။ ပိုတက်စီယမ် ၁၄ ရာခိုင်နှုန်း ပါဝင်တဲ့ သခွားမွှေးသီးကို စားပေးရင် ခန္ဓာကိုယ်တွင်းက ဆိုဒီယမ်ဓာတ်ကို လျော့ကျစေပြီး သွေးတိုးရောဂါဖြစ်နှုန်းကို လျှော့ချနိုင်ပါတယ်။

(၈) ခြေထောက်ကြွက်တက်ခြင်းကို ကာကွယ်ခြင်း
သခွားမွှေးသီးမှာပါတဲ့ ပိုတက်စီယမ်ဟာ ကြွက်သားနဲ့ နာ့ဗ်ကြောတွေကို အားကောင်းစေပါတယ်။ ပိုတက်စီယမ်ဓာတ်ချို့တဲ့ရင်ကြွက်သားအားနည်းတာနဲ့ ကြွက်တက်တာတို့ကို ဖြစ်စေနိုင်ပါတယ်။

(၉) မျိုးအောင်နိုင်စွမ်း ကောင်းစေခြင်း
ကလေးရဖို့ ကြိုးစားနေသလား။ သခွားမွှေးသီးဟာ ဖောလိတ်ဓာတ်အများဆုံး ပါဝင်တဲ့ သစ်သီးတစ် မျိုးဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ဖောလစ်အက်စစ်လို့ခေါ်တဲ့ ဖောလိတ်ဓာတ်ဟာ ကိုယ်ဝန်ဆောင်ချိန်အတွင်း အရေးပါပါတယ်။ အထူးသဖြင့် မွေးလာတဲ့ ကလေးတွေမှာ နာ့ဗ်ကြောစနစ်ပြဿနာတွေ လျော့ကျစေပါတယ်။

(၁၀) သွေးအားနည်းဝေဒနာမဖြစ်စေရန် ကာကွယ်ခြင်း
ခန္ဓာကိုယ်ထဲမှာ ဖောလိတ်ဓာတ်နဲ့ ဗီတာမင်B12 တို့ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါရတတ်ပါတယ်။ ဖောလိတ်ဓာတ်ချို့တဲ့မှုကြောင့် သွေးနီဥတွေက ပုံမှန်အရွယ်အစားထက် ပိုမိုကြီးမားလာပါတယ်။
သခွားမွှေးသီးမှာ ဗီတာမင်ကေ၊ ဗီတာမင်B6 ၊ နိုင်ယာစင်၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ သိုင်ယာမင်း ဓာတ်တို့ များစွာပါဝင်နေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top