Healthy Life Ad
Life Style

မျက်ဝန်းခြယ်သရာတွင် အန္တရာယ် ကင်းဝေးစေရန်

လရိပ်မေ

သင့်မျက်ဝန်းဟာ ဘက်တီးရီးယားပိုးနဲ့ ထိတွေ့မှုလျော့ကျစေဖို့ အန္တရာယ်ကင်းတဲ့ မျက်ဝန်းမိတ်ကပ်တွေကို သုံးဖို့ အရေးကြီးပါတယ်။

မိတ်ကပ်ဟောင်းများကို လွှင့်ပစ်ပါ
လအနည်းငယ်ကြာသွားတဲ့ မိတ်ကပ်ဟောင်းတွေကို လွှင့်ပစ်လိုက်ပါ။ အထူးသဖြင့် မျက်ဝန်းနဲ့ မျက်ဝန်းတစ်ဝိုက်လိမ်းတဲ့ မိတ်ကပ်တွေဆိုရင် လွှင့်ပစ်သင့်နေပါပြီ။

ခြောက်သွေ့နေသော မက်စ်ကာရာကို မသုံးပါနှင့်
မက်စ်ကာရာကခြောက်နေရင် မသုံးသင့်ပါဘူး။ ဒါ့အပြင် တံတွေးနဲ့ ရေဆွတ်ပြီးလည်းမသုံးပါနဲ့။ မက်စ်ကာရာကို ၂-၄ လကြာတိုင်း အသစ်လဲလှယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။ မက်စ်ကာရာအသစ်မဖွင့်ခင် စသုံးမယ့် ရက်စွဲကို ဆော့ပင်နဲ့ရေးမှတ်ထားလိုက်ပါ။ ဒါမှ ဘယ်လောက်ကြာပြီလဲဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။

မျက်ဝန်းမိတ်ကပ်များကို အေးမြသော နေရာတွင်ထားပါ
ကားထဲ၊ ရေချိုးခန်းထဲမှာ မျက်ဝန်း မိတ်ကပ်တွေကို ဘယ်တော့မှမထားပါနဲ့။ နေရောင်ကျတဲ့နေရာမှာလည်း မထားသင့်ပါ။ အေးမြတဲ့နေရာမှာပဲ ထားသင့်ပါတယ်။

သူငယ်ချင်းနှင့် အတူမျှဝေမသုံးပါနှင့်
မျက်ဝန်းမိတ်ကပ်တွေကို သူငယ်ချင်းနဲ့ မျှဝေသုံးတာကြောင့် ဘက်တီးရီးယားပိုး ကူးစက်နိုင်ခြေရှိပါတယ်။ ဒါ့အပြင် တခြားမိတ်ကပ် တွေကို မျက်ဝန်းမှာသုံးတာမျိုးလည်း မလုပ်သင့်ပါဘူး။

မျက်ဝန်းကျန်းမာရေးအတွက် အိပ်ရာဝင်ချိန် လိုက်နာရန်
မိတ်ကပ်တွေကြောင့် မျက်စိမှာ ပြဿနာ ဖြစ်စေနိုင်ပါတယ်။ မျက်စိထဲ မိတ်ကပ်ဝင်ရင် စပ်ဖျဉ်းဖျဉ်းဖြစ်ကာ အမြင်အာရုံကို ယာယီထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ရာမဝင်ခင် ညတိုင်း မျက်ဝန်းမိတ်ကပ်တွေကို ညင်ညင်သာသာသန့်စင်ပေးဖို့လိုပါတယ်။ အိုင်းလိုင်နာ၊ မက်စ်ကာရာ စတာတွေခြယ်သတတ်ရင် သံ လွင်ဆီဆွတ်ထားတဲ့ ဂွမ်းစနဲ့ အရင်ဆုံးသုတ်ပေးပြီးမှ မျက်နှာသစ်လိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top