Healthy Life Ad
Life Style

မျက်ကွင်းညိုခြင်း

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

သဘာဝဆေး (၁) ခရမ်းချဉ်သီး

မျက်ခွံတွေပေါ်ကို ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးစိတ်နှစ်စိတ်ကို ကပ်ပေးတာက အေးမြမှုကို ချက်ချင်းရရှိစေပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုအရ အေးမြမှုဟာ သွေးကြောတွေကို ကျဉ်းစေတာကြောင့် ရောင်ရမ်းမှုက ယာယီလျော့ကျသွားတယ်လို့ သိရပါတယ်။

ကောင်းကျိုး – ဈေးမကြီးပါဘူး၊ ရိုးစင်းပါတယ်။

ဆိုးကျိုး – လိုင်ကိုပင်းပါတဲ့အတွက် မျက်ကွင်းညိုတာကို သက်သာစေတာပါ။

(၂) အိပ်စက်ခြင်း

အိပ်စက်ချိန်လုံလောက်တာက မျက်ဝန်းတွေ တောက်ပစေတဲ့ အဓိကသော့ချက်ဖြစ်ကြောင်း လေ့လာမှုအဟောင်းတွေက ဆိုထားပါတယ်။ အိပ်ရေးဝ၀ အိပ်စက်အနားယူတာကြောင့် မျက်ဝန်းနီမြန်းမှုနဲ့ မျက်ဝန်းအောက်က အဆီအိတ်တွေကို လျော့ကျစေတာ အမှန်ပါ။ ကျွမ်းကျင်သူတချို ့က အိပ်စက်ချိန်မှာ ခေါင်းကိုခေါင်းအုံးတစ်လုံး၊ နှစ်လုံး ဆင့်ပြီးအိပ်တာက မျက်ခွံဆီကို အရည်စုပုံရောက်ရှိမှု မဖြစ်အောင် ကာကွယ်ပေးပြီး မျက်ဝန်းရောင်ရမ်းမှုကို လျော့ကျစေတယ်လို့ ဆိုပါတယ်။

ကောင်းကျိုး – ခန္ဓာကိုယ်ကျန်းမာရေးကို ကောင်းစေပြီး မျက်ဝန်းအောက်က အဆီအိတ်တွေကို ယာယီသက်သာစေပါတယ်။

ဆိုးကျိုး – အိပ်လွန်းရင် မျက်ခွံအစ်နေနိုင်ပါတယ်။

(၃) အသားအရေကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ

အစားအသောက်ဟာ မျက်ကွင်းညိုတာအပေါ် တိုက်ရိုက်သက်ရောက်မှု မရှိပေမယ့် တချို ့အစားအသောက်တွေက အသားအရေကျန်းမာလှပရေးမှာ အထောက်အကူပြုပါတယ်။ လက်ဖက် စိမ်းလက်ဖက်ရည်မှာ အသားအရေအတွက် ကောင်းကျိုးဖြစ်စေတဲ့ အင်တီအောက်ဆီးဒင့်တွေပါပြီး အရေပြားဆဲလ်တွေကို ကာကွယ်ပေးတဲ့ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်တို့ ပါဝင်ပါတယ်။ ထောပတ်သီးနဲ့ ဥအမျိုးမျိုးမှာ ဘိုင်အိုတင်ပါဝင်တာကြောင့် အရေပြားကို ကျန်းမာစေပါတယ်။

ကောင်းကျိုး – အာဟာရတန်ဖိုးများတဲ့ အစားအစာတွေက တစ်ကိုယ်လုံးကျန်းမာရေးကို ကောင်းမွန်စေပြီး အသားအရေကို လှပစေပါတယ်။

ဆိုးကျိုး – မျက်ကွင်းညိုတာကို ချက်ချင်းသက်သာစေတယ်လို့တော့ အတိအကျ မတွေ့ရသေးပါဘူး။ ကြာရှည်လေ့လာမှုလုပ်ဖို့ လိုပါသေးတယ်။

Most Popular

Healthy Life Ad
To Top