Healthy Life Ad
Life Style

မျက်ဝန်းမိတ်ကပ် လိမ်းခြယ်ခြင်း

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

သေးငယ်သော မျက်ဝန်းရှိလျှင်

(၁) အပေါ်မျက်ခွံပေါ်မှာ ရှဲဒိုးအရောင်ဖျော့ဖျော့လိမ်းပါ။ အိုင်းရှဲဒိုးကို နှာခေါင်းကနေ အပြင်ထောင့်နေရာနဲ့ မျက်ခုံးဆီ ဆွဲလိမ်းပေးပါ။

(၂) မျက်ခုံးအောက်နေရာတွေမှာ ပန်းရောင်လက်လက်လိမ်းပေးပါ။

(၃) ပြီးရင် အပေါ်မျက်ခွံပေါ်မှာ အရောင်ပိုရင့်တဲ့ အိုင်းရှဲဒိုးခြယ်ပါ။

(၄) အတွင်းမျက်ခွံနေရာကို အဖြူရောင် အိုင်းလိုင်နာဆွဲပေးပါ။

Tip! ပုလဲရောင်ဖျော့ဖျော့ အိုင်းရှဲဒိုးက မျက်ဝန်းကို ပိုကြီးသယောင် ထင်ရစေပါတယ်။

ကျဉ်းသော မျက်ဝန်းရှိလျှင်

(၁) အပေါ်မျက်ခွံပေါ်ကို အိုင်းရှဲဒိုးပါးပါးလေးခြယ်ပေးပါ။

(၂) မျက်ရစ်အထက်မှာ အသားရောင် အိုင်းရှဲဒိုးခြယ်လိုက်ပါ။

(၃) မျက်ဝန်းအတွင်းထောင့်နေရာတွေမှာ အိုင်းရှဲဒိုးခြယ်ပေးပါ။

Tip! အိုင်းလိုင်နာပါးပါးလေး မဆိုးပါနဲ့။

ကြီးမားသော မျက်ဝန်းရှိလျှင်

(၁) မျက်ခုံးတွေအောက်မှာ အိုင်းရှဲဒိုးပါးပါး ခြယ်ပေးပါ။

(၂) အပေါ်မျက်ခွံအပေါ်မှာ သဘာဝရောင် အိုင်းရှဲဒိုးခြယ်ပေးပါ။

(၃) အပေါ်မျက်ခွံလိုင်းနဲ့ အောက်မျက်ခွံလိုင်းတစ်လျှောက်မှာ အရောင်ရင့် အိုင်းရှဲဒိုးခြယ်ပေးပါ။

Tip! အပေါ်မျက်ခွံပေါ်မှာ အိုင်းရှဲဒိုးအရောင်ရင့်ရင့် မခြယ်ပါနဲ့။

နီးကပ်သော မျက်ဝန်းရှိလျှင်

(၁) အပေါ်မျက်ခွံပေါ်နဲ့ မျက်ခုံးအောက်မှာ အိုင်းရှဲဒိုးဖျော့ဖျော့လိမ်းပါ။

(၂) မျက်ဝန်းအတွင်းထောင့်နေရာမှာ အိုင်းရှဲဒိုးအရောင်ဖျော့ဖျော့ ပါးပါးလိမ်းပေးပါ။

(၃) မျက်ဝန်းအပြင်ထောင့်နေရာတွေမှာ အိုင်းရှဲဒိုးအရောင်ရင့်ရင့် လိမ်းပေးပါ။

Tip! မျက်ဝန်းအတွင်းထောင့်နေရာတွေက အရောင်ဖျော့သင့်ပါတယ်။ ဒါမှသာ မျက်ဝန်းနှစ်ခု နီးကပ်နေတာကို မသိသာစေမှာပါ။

ဝေးကွာသော မျက်ဝန်းရှိလျှင်

(၁) မျက်ခွံအပေါ်မှာ သဘာဝရောင် အိုင်းရှဲဒိုးလိမ်းပါ။

(၂) မျက်ခုံးအောက်မှာ အိုင်းရှဲဒိုးအရောင်ဖျော့ဖျော့လိမ်းပါ။

(၃) မျက်ဝန်းအတွင်းထောင့်နေရာတွေမှာ အရောင်ရင့်တဲ့ အိုင်းရှဲဒိုးခြယ်ပါ။

Tip! အောက်မျက်တောင်တွေပေါ် မက်စ်ကာရာလိမ်းပေးရင် မျက်ဝန်းတွေကို တစ်ခုနဲ့တစ်ခုနီးကပ်သလို ထင်ရစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top