Healthy Life Ad
Q & A

အားကစားလုပ်ပြီး ရေသောက်လျှင်…

မေး ။ အားကစားလုပ်တဲ့အနေနဲ့ ပြေးပါတယ်။ အားကစားလုပ်ပြီးတဲ့အခါ မောလို့ ရေသောက်ပါတယ်။ အဲဒီအခါ ရေအေးသောက်သင့်သလား၊ ရိုးရိုးရေပဲ သောက်သင့်သလား။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)ဖြေကြားပေးပါသည်။

ဖြေ ။ သောက်လို့ရပါတယ်။ တအားမောနေတဲ့အချိန် ရေအေးအေးသောက်လိုက်ရင်အစာအိမ်ရဲ့ အူလမ်း ကြောင်းရဲ့ Vagus Nerve က လှုံ့ဆော်သလို ဖြစ်ပြီး ဗိုက်အောင့်သွားတတ်ပါတယ်။ ဒါကြောင့် ပြေးပြီးတဲ့ အချိန်မှာ ရေကို တစ်ခါတည်း မော့သောက်တာမျိုးမလုပ်ရပါဘူး။ ရေခဲရေပဲဖြစ်ဖြစ်၊ ရိုးရိုးရေပဲဖြစ်ဖြစ် ခပ်ဖြည်းဖြည်းချင်း ငုံပြီး သောက်သင့်ပါတယ်။ မောလွန်းလို့ ရုတ်တရက် ရေကိုအများကြီး သောက်လိုက်ရင် ဗိုက်က ထိုးအောင့်သွားတတ်ပါတယ်။ အလုပ်ကြမ်းလုပ်သူတွေလည်း ချွေးထွက်များပြီး ရေဆာနေချိန်မှာ ရေအေးသောက်လိုက်ရင် ဗိုက်အောင့်တတ်ပါတယ်။ ရာသီဥတုပူနေတဲ့အချိန်မှာတော့ ရေခဲရေမသောက်တာ ပိုကောင်းပါတယ်။ အဲဒီအချိန်မှာ သောက်သင့်တာက ရေနွေးကြမ်း ဖြစ်ပါတယ်။ ရေနွေးကြမ်းကို မခါးဘဲ ဆားလေးနည်းနည်း ခပ်သောက်ပေးမယ်ရင် ကျန်းမာရေးအတွက် ပိုသင့်တော်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top