Q. ဘာကြောင့် ရေယုန်ပေါက်ရပါသလဲ ဆရာ။ ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း A. Herpes Simplex ဗိုင်းရပ်စ်အမျိုးအစားကြောင့် ရေယုန်ပေါက်ရတာပါ။ ရေယုန်မှာ အမျိုးအစား (၁) ရေယုန်၊ အမျိုးအစား (၂) ရေယုန် စသဖြင့်ရှိသလို ဆင်ရေယုန်ဆိုပြီးလည်း ရှိပါတယ်။...
ရေတံခွန်ဆီသွားပါ စိတ်ဖိစီးမှုများနေသလား၊ ရေတံခွန်ဆီကို သွားပါ။ ရေတံခွန်ရဲ့အခြေရှိ လေထဲမှာ လွင့်နေတဲ့ မော်လီကျူးအမှုန်တွေက စိတ်ဓာတ်ကျတာကို သက်သာစေပါတယ်။ ဝက်စ်လီရန်တက္ကသိုလ်ရဲ့ လေ့လာမှုအရ ၁၅-၃၀ မိနစ်လောက် ရေနဲ့ပက်ဖျန်းပေးတာက စိတ်ဓာတ်ကျတာကို သက်သာစေတယ်လို့ သိရပါတယ်။ ဒါဟာ ဦးနှောက်ထဲမှာ စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်ပမာဏကိုတိုးစေလို့ပါ။...
၊ ကိုထက် ၊ ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ဓာတ်ပုံဆရာ မော်ဒယ်မလေး ဗက်လက်တီနာဘုန်းဟာ အလွန်ရှားပါးတဲ့ ရေတွေနဲ့ ဓာတ်မတည့်တဲ့ ဝေဒနာရှိနေကြောင်းကို ဖွင့်ပြောခဲ့ပါတယ်။ သူဟာ သာမန်ရေသာမက ချွေးတွေ၊ မျက်ရည်တွေ နဲ့ အချိုရည်စတဲ့...
၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်) ရေခဲရေသောက်တာက လူ့ခန္ဓာကိုယ်အတွက် ကောင်းတယ်ဆိုတာ လွဲမှားတဲ့ ယူဆချက်ပါ။ ရေခဲရေသောက်တာကြောင့် ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ ရေခဲရေသောက်တဲ့အခါ လည်ချောင်းအနောက်ဘက်ကနေ အချွဲတွေ ပိုထွက်လာပြီး ကိုယ်ခံအားစနစ်ကို အဟန့်အတားဖြစ်စေကာ အအေးမိဖျားနာဝေဒနာ ရလွယ်တတ်ပါတယ်။ ရေခဲရေသောက်တဲ့အကျင့်ရပ်ပြီး ရေနွေးသောက်ပေးတာကြောင့်...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) သွေးတွင်းဆိုဒီယမ်နည်းခြင်းရဲ့ ကုထုံးကတော့ ရေကိုတစ်လီတာထက်ပိုမသောက်ဖို့ တားမြစ်ခြင်း၊ လိုအပ်ပါက ဆားခဲများပြန်ကျွေးခြင်း၊ သတိလစ်နေပါက ၃% ဆားငန်ရည်အပြစ်ကို သွင်းပေးခြင်းဖြင့် သွေးတွင်းဆိုဒီယမ်ပြန်တက်လာပါက ပကတိအတိုင်းပြန်ကောင်းသွားစေနိုင်ပါမယ်။ ဒီရောဂါကိုကုသရာမှာ အထူးသတိထားရမှာကတော့ ဆိုဒီယမ်တက်အောင် ဆားရည်အပြင်းစား ၃% ကိုပေးပြီး ကုသရတဲ့အခါ...
ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ယခင်တစ်ပတ်မှအဆက် ၂။ လှည့်ပတ်နေသောသွေးပမာဏ(Blood volume)နည်းခြင်း၊ များခြင်းကို သိရှိခြင်းစနစ် သွေးကြောထဲမှာလှည့်ပတ်နေတဲ့ သွေးပမာဏ နည်းသွားရင် သွေးကြောထဲမှရေတွေကို ဆီးထဲမှ ထပ်မဆုံးရှုံးအောင် ရေတွေပြန်ထိန်းသိမ်းထားဖို့ လိုပါတယ်။ သွေးပမာဏ လျော့နေတာကို သွေးကြောထဲရှိ အာရုံခံနာဗ့်ကြော အစိတ်အပိုင်းကသိရှိပြီး ဦးနှောက်ဆီသို့...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) တချို့လူတွေက အစာနဲ့ရေကိုတစ် ချိန်တည်း မစားသောက်ဖို့ ပြောကြပါ တယ်။ ကျွမ်းကျင်သူတချို့ကတော့ ရေ က အစာအိမ်အက်ဆစ်ကို ပျော်စေနိုင် တယ်လို့ ရှင်းပြကြပြန်ပါတယ်။ အစာနဲ့ ရေတွဲသောက်တာက ဝစေနိုင်တယ်လို့ တချို့က ထင်မြင်ထားကြပါတယ်။...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) “ရေ”သည် “အသက်”ဆိုတာ လူတိုင်းနားလည်ပြီးသားဖြစ်ပါတယ်။ ဆိုလိုတာက ခန္ဓာကိုယ်မှာ ရေအလုံအလောက်ရှိမှသာ ကျန်းမာစွာ အသက်ရှင်သန်နိုင်မယ်၊ ရေမရှိရင် အသက်မရှင်နိုင်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်မှာ “ရေ”များတာကြောင့် “အသက်တို” ရတာလည်းရှိပါတယ်။ ကျန်းမာနေဖို့အတွက် တစ်နေ့တာ ရေကို...
ရေက လူ့ခန္ဓာကိုယ်အတွက် အလွန်အရေးပါတဲ့အရာဖြစ်ပြီး ရေသောက်တာကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများစွာထဲက ၁၀ ချက်ကို မျှဝေပေးလိုက်ပါတယ်။ (၁) ခံတွင်းအနံ့ဆိုးထွက်တာကို ဖြေရှင်းပေးနိုင်ပါတယ်။ (၂) ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ (၃) အူမကြီးကင်ဆာ၊ ဆီးအိတ်ကင်ဆာစတဲ့ ကင်ဆာဖြစ်နှုန်း လျော့ကျစေပါတယ်။ (၄) ခန္ဓာကိုယ်အပူချိန်ကို...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) အိပ်ရာနိုးနိုးချင်း ရေသောက်ဖို့ ပြောလေ့ရှိကြပါတယ်။ အဲဒီလို အိပ်ရာနိုးနိုးချင်းရေသောက်တာက ရောဂါဝေဒနာတွေကို သက်သာစေရုံသာမက အောက်ပါရောဂါဝေဒနာတွေကို အထူးသက်သာစေတယ်လို့ သိရပါတယ်။ သက်သာပျောက်ကင်းနိုင်တဲ့ ရောဂါဝေဒနာတွေကတော့ ခေါင်းကိုက်တာ၊ တစ်ကိုယ်လုံးကိုက်ခဲတာ၊ နှလုံးထိခိုက်တာ၊ အဆစ်ရောင်တာ၊ နှလုံးခုန်မြန်တာ၊ အတက်ရောဂါရတာ၊...