Healthy Life Ad
Q & A

ဓမ္မတာလာနေစဉ် ပြင်းထန်တဲ့ လေ့ကျင့်ခန်း လုပ်သင့်သလား …

မေး။ ။ ဓမ္မတာလာနေစဉ်မှာ ကြိုးခုန်တာလိုမျိုး ခုန်ရတဲ့ လေ့ကျင့်ခန်း၊ ပြင်းထန်တဲ့လေ့ကျင့်ခန်း လုပ်သင့်ပါ သလား။ မလုပ်သင့်ဘူးဆိုရင် ဘာကြောင့်ဆိုတာလေး ပြောပြပေးပါလားရှင်။
မယ်စန်း (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာဟာ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။ ပြင်းထန်တယ်၊ မပြင်းထန်ဘူးဆိုတာကတော့ အသက်အရွယ်နဲ့ ခန္ဓာကိုယ် အချိုးအဆပေါ်မှာလည်း မူတည်ပါတယ်။ ပြင်းပြင်းထန်ထန် အားကစားလုပ်ရခြင်းရဲ့ အကြောင်းရင်းတွေပေါ်လည်း မူတည်ပါသေးတယ်။ အများအားဖြင့် ပြင်းပြင်းထန်ထန် အားကစား လုပ်တာထက် သင့်သင့်တဲ့ လေ့ကျင့်ခန်းမျိုးကို ပုံမှန်လုပ်တာ၊ မိမိရဲ့ ကိုယ်ခန္ဓာအချိုးအစားအရ သင့်တော်တဲ့ အားကစားမျိုးကို ရွေးချယ်ပြုလုပ်တာကိုသာ လုပ်ဆောင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top