Healthy Life Ad
Health Tips

ရာသီလာစဉ် ဗိုက်မအီမသာဖြစ်ခြင်း သက်သာစေရန်

ဇွန်

အမျိုးသမီးအများစုဟာ လစဉ်ရာသီသွေးဆင်းတာကြောင့်ဖြစ်တဲ့ ဗိုက်မအီမသာဝေဒနာကို ခံစားရတတ်ပါတယ်။ တချို့သူတွေမှာဆိုရင် ဒီဝေဒနာကြောင့် အလုပ် ဒါမှမဟုတ် ကျောင်းပျက်ကွက်တဲ့အထိ ဖြစ်တတ်ပါတယ်။ သားအိမ်ဆိုတာ ကြွက်သားပဲဖြစ်လို့ ညှစ်လိုက်တဲ့အခါမှာ နာကျင်ရတာပါ။ သားအိမ်ကြွက်သားတွေ ညှစ်တဲ့အခါ သက်ဆိုင်ရာသွေးကြောတွေ ပိတ်သွားတာကြောင့် နှလုံးရောဂါထတာလို နာကျင်မှုကို ဖြစ်စေတာဖြစ်တယ်လို့ ဘော့စတွန်က သားဖွားမီးယပ်အထူးကုစူစန်က ဆိုပါတယ်။

သက်သာစေရန်

အက်စ်ပရင်၊ အိုင်ဗျူပရိုဖန်နဲ့ နာပရိုဇန်တို့က နာကျင်မှုဖြစ်စေတဲ့ ပရိုစတာဂလာဒင်ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။ ပရိုစတာဂလင်ဟာ ကြွက်သားကျုံ့ဆန့်မှုမှာလည်း ပါဝင်နေတဲ့ ဓာတ်ပါ။ ဗိုက်မအီမသာ ဝေဒနာမပေါ်ခင် တစ်နာရီလောက်ကြိုပြီး ဆေးသောက်ထားရင် အကောင်းဆုံးပါပဲ။ သင့်မှာနှလုံးရောဂါအန္တရာယ် မြင့်တက်နေရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ဆေးသောက်သင့်ပါတယ်။

အိုမီဂါသရီးဖက်တီးအက်စစ်ဟာ ပရိုစတာ ဂလာဒင် ထုတ်လုပ်မှုကို တားဆီးပေးနိုင်ပါတယ်။ လေ့လာမှုအရ အိုမီဂါသရီးဖက်တီးအက်စစ်ကို ရယူမှုနည်းတဲ့ အမျိုးသမီးတွေက မှီဝဲမှုများ သူတွေထက် ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို ပိုမိုခံစားရတယ်လို့သိရပါတယ်။ အိုမီဂါသရီးဖက်တီးအက်စစ်က ကိုက်ခဲမှုကို သက်သာစေတာကြောင့် ရာသီလာခါနီးမှာ အိုမီဂါသရီးပါဝင်တဲ့ ဆယ်လ်မွန်ငါး၊ သီဟိုဠ်စေ့စတာတွေကို စားသုံးသင့်ပါတယ်။ အဲဒီအစာတွေ မစားဖြစ်ရင် ဖြည့်စွက်ဆေးသောက်ပါ။

အပူသုံးတဲ့ကုထုံးကတော့ ကြွက်သားတွေ တင်းမာနာကျင်နေတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်မှာ ရေနွေးအိတ်ကပ်ပေးရင်လည်း ဗိုက်မအီမသာဖြစ်တာကို သက်သာစေပါတယ်။

စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top