Healthy Life Ad
Health Tips

ရာသီလာစဉ် အတူနေခြင်းနှင့် ပတ်သက်၍

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ရာသီလာချိန်မှာ အတူနေတာက ဘေးကင်းပါသလား၊ ကောင်းကျိုးကောရှိသလား။ ဒါနဲ့ ပတ်သက်ပြီး သိချင်လို့ပါ။

ရာသီလာစဉ် အတူနေခြင်း၊ မနေခြင်းဆိုတာ ကိုယ့်ရွေးချယ်မှုပါ။ ဒီအချိန်မှာ ကိုယ့်အိမ်ထောင်ဖက်က သက်သောင့်သက်သာမဖြစ်ဘူးဆိုရင်တော့ ဖိအားမပေးစေချင်ပါဘူး။ နှစ်ယောက်စလုံးက အဆင်ပြေတယ်ဆိုရင်တော့ အတူနေလို့ရပါတယ်။ ဒီအချိန်အတွင်း ကွန်ဒုံးသုံးရင်တော့ ကိုယ်ဝန်မရအောင် ကာကွယ်ဖို့ စိတ်ချရရုံတင်မက လိင်မှတစ်ဆင့်ကူးစက်ပိုးတွေ မရအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ရာသီလာချိန်မှာ အတူနေတာရဲ ့ ကောင်းကျိုးတွေကိုလည်း ဆေးပညာဘက်ကနေ ရှင်းပြပေးချင်ပါတယ်။

(၁) ဗိုက်အောင့်တဲ့ဝေဒနာ သက်သာစေပါတယ်

သားအိမ်က သူ့နံရံကို ကျုံ ့ညှစ်တဲ့အတွက် ရာသီလာချိန်မှာ ဗိုက်အောင့်တတ်ပါတယ်။ ဒီအချိန်မှာ အတူနေပြီး ဆန္ဒပြီးမြောက်သွားတဲ့အခါ သားအိမ်ကြွက်သားတွေကျုံ ့ပြီး ဖြေလျှော့သွားပါတယ်။ ဒါကြောင့် ရာသီလာစဉ် ကိုက်ခဲနာကျင်မှုဝေဒနာ သက်သာစေပါတယ်။ အတူနေချိန်မှာ အင်ဒေါ်ဖင်ဓာတ်ထွက်လာပြီး စိတ်ခံစားမှုကိုလည်း ကောင်းစေပါတယ်။

(၂) ရာသီလာချိန်ကို တိုတောင်းစေပါတယ်

လိင်ဆက်ဆံတာက ရာသီလာချိန်ပိုတိုတောင်းစေပါတယ်။ သားအိမ်ကျုံ ့ညှစ်မှု ပိုမြန်သွားလို့ ရာသီလာချိန် တိုတောင်းရတာပါ။

(၃) လိင်ဆန္ဒပိုဖြစ်စေပါတယ်

ရာသီလာချိန်အတွင်း လိင်ဆန္ဒအပြောင်းအလဲက ဟော်မုန်းအတက်အကျနဲ့ ဆက်စပ်နေတာပါ။ အမျိုးသမီးအများစုက မမျိုးဥကြွေချိန်အတွင်း သူတို့လိင်ဆန္ဒမြင့်တက်တယ်လို့ ဆိုကြပါတယ်။ ဒါက ရာသီမလာခင် နှစ်ပတ်အလိုလောက်မှာပါ။ တချို ့အမျိုးသမီးတွေကျတော့ ရာသီလာချိန်အတွင်းမှာ လိင်ဆန္ဒဖြစ်ပေါ်မှုက အမြင့်ဆုံးပါတဲ့။

(၄) သဘာဝချောဆီ အထွက်များစေပါတယ်

ရာသီသွေးက သဘာဝချောဆီလို ဖြစ်နေလို့ပါ။

(၅) ခေါင်းကိုက်ဝေဒနာ သက်သာစေပါတယ်

ရာသီလာချိန်အတွင်း အမျိုးသမီးတစ်ဝက်လောက်က ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားရတယ်လို့ သိရပါတယ်။ ဒီအချိန်မှာ အတူနေတဲ့အမျိုးသမီးအများစုက သူတို့ခံစားရတဲ့ ခေါင်းကိုက်ဝေဒနာ သက်သာသွားတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဒီအချိန်မှာ သဘာဝအကိုက်အခဲပျောက်ဆေး ဒိုပါမင်းနဲ့ အန်ဒေါ်ဖင်ဟော်မုန်းထွက်ရှိလာလို့ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top