Healthy Life Ad
Health Tips

အရွယ်မတိုင်ခင် သွေးဆုံးခြင်း မဖြစ်အောင်

သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတစ်ဦးရဲ့ ဘဝမှာမဖြစ်မနေကြုံတွေ့လာရနိုင်တဲ့ သဘာဝ အခြေအနေတစ်ရပ်ပါ။ သွေးမဆုံးအောင် ကာကွယ်ထားလို့တော့မရပါဘူး။ ဒါပေမဲ့ အရွယ်မတိုင်ခင် သွေးဆုံးတဲ့ အခြေအနေမဖြစ်အောင် လျှော့ချနိုင်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။ အောက်ပါနည်းလမ်းတွေကို လိုက်နာရင် အရိုးပါးရောဂါနဲ့ နှလုံးရောဂါလို နာတာရှည်ရောဂါတွေရဲ့ အန္တရာယ်ကိုပါ လျော့ကျစေနိုင်ပါတယ်။

သွေးဖိအား၊ သွေးတွင်းကိုလက်စထရောကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပါ။

နှလုံးရောဂါဖြစ်စေနိုင်တဲ့ တခြား အန္တရာယ်တွေကိုလည်း လျှော့ချနေထိုင်ပါ။

ဆေးလိပ်မသောက်ပါနဲ့။ စီးကရက်သောက်တာက စောစောသွေးဆုံးတာကို ဖြစ်စေနိုင်ပါတယ်။

အဆီနည်းတဲ့အစားအသောက်ကို စားပေးပါ။

ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ အလေးမတဲ့ လေ့ကျင့်ခန်းဟာ အရိုးတွေကို သန်စွမ်းစေပြီး ခန္ဓာကိုယ် ဟန်ချက်ညီမျှစေပါတယ်။

အရိုးပါးရောဂါရဲ့ အစောပိုင်းလက္ခဏာတွေ ပြသခဲ့ရင် နောက်ထပ်အရိုးအားနည်းထိခိုက်မှုမဖြစ်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရိုးသန်စွမ်းကျန်းမာစေဖို့ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီကို မှီဝဲပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top