Healthy Life Ad
Health Tips

မကြာခဏ ရင်ပူတတ်သူတို့ သိထားသင့်သော နေထိုင်စားသောက်မှုပုံစံ

၊ ငွေစင်ကြယ်ယံ ၊

ရင်ပူတဲ့ဝေဒနာကို မကြာခဏရရှိတတ်သူတွေအနေနဲ့ နောက်တစ်ကြိမ် ရင်ပူဝေဒနာ မရရှိစေဖို့အောက်ပါနည်းတွေကို လိုက်နာသင့်ပါတယ်။

အစာကို နည်းနည်းချင်း စားပေးရပါမယ်။ ညစာကိုနောက်ကျမှ၊ အထူးသဖြင့် အိပ်ခါနီး အချိန်မှာကပ်ပြီး စားတာမျိုး ရှောင်ပါ။ အစာစားပြီး ချက်ချင်းလဲလျောင်းတာမျိုး မလုပ်သင့်ပါဘူး။

အဝတ်အစားကို တင်းကျပ်နေအောင် မဝတ်ပါနဲ့။ အထူးသဖြင့် အမျိုးသမီးတွေအဖို့ အတွင်းခံဘော်လီကို တင်းကျပ်နေအောင် မဝတ်သင့်ပါ။

ရင်ပူစေတဲ့ အစားအသောက်တွေက ယေဘုယျအားဖြင့် ဆီများတဲ့အစာ၊ ဆီကြော်စာ၊ ဟင်းခတ်အမွှေးအကြိုင်ကဲတဲ့အစာ၊ ပူစပ်တဲ့ အစာ၊ ချောကလက်၊ အရက်၊ ကော်ဖီ၊ အမြှုပ်ထတဲ့ အချိုရည်တွေဖြစ်ကြပါတယ်။ ဒီအစားအသောက်တွေကို တတ်နိုင်သမျှ လျှော့စားသောက်ပါ။ သင့်ကိုရင်ပူစေတဲ့ သီးသန့်အစား အသောက်တွေရှိရင်လည်း မှတ်ထားပြီး ရှောင်သင့်ပါတယ်။

သင်က အဝလွန်နေရင် ဒါမှမဟုတ် ကိုယ်အလေးချိန်က ရှိသင့်တာထက်ပိုများနေရင် ကိုယ်အလေးချိန်ကိုလျှော့ချပါ။ အဝလွန်တာနဲ့ ကိုယ်အလေးချိန်များတာကြောင့် ရင်ပူဝေဒနာကိုပိုဆိုးစေနိုင်လို့ပါ။

အိပ်ရာက နိုးတဲ့အချိန် ရင်ပူတာမျိုးမဖြစ်စေဖို့ ခုတင်ခေါင်းရင်းကို အနည်းဆုံး ၆လက်မခန့် မြှင့်ထားပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top