Healthy Life Ad
Child

အန္တရာယ်ရှိတဲ့ နှာခေါင်းနှိုက်ခြင်း အပြုအမူကို ရှောင်ရှားရအောင်

၊ ငွေကြယ်စင်ယံ ၊

လူကြားထဲမှာနှာခေါင်းနှိုက်တဲ့ အပြုအမူကို လုပ်ဆောင်တဲ့အခါ စက်ဆုပ်ဖွယ်ရာကောင်း သလိုကျန်းမာရေးအရကြည့်ရင်လည်း အန္တရာယ်ရှိနေပါတယ်။
အရေပြားမှာ စတပ်ဖိုင်လိုကော့ကပ်စ်ပိုး တစ်မျိုးရှင်သန်နေတာကြောင့် နှာခေါင်းထဲ လက်နှိုက်တဲ့အခါ ပိုးကူးစက်မှုဖြစ်နိုင်လို့ပါ။ အဲဒီအခါ နှာခေါင်းထဲမှာ အဖုပေါက်တာ၊ နှာခေါင်းသွေးယိုတာတို့ ဖြစ်တတ်ပါတယ်။ နှာခေါင်းထဲလက်နှိုက်လို့ သွေးထွက်ပြီဆိုတာနဲ့ နှာခေါင်းထဲ ပိုးဝင်ကာ ပွားများနိုင်ခြေများပါတယ်။
နှာခေါင်းထဲ လက်နှိုက်တာကို ရှောင်ရှားနိုင်ဖို့ နည်းလမ်းကောင်းတွေ ဖော်ပြလိုက်ပါတယ်။

နှာခေါင်းထဲ လက်နှိုက်တဲ့အကျင့်က စွဲနေတာလားဆိုတာ ဆန်းစစ်ပါ။ တချို့လူတွေက တီဗီကြည့်ရင်း၊ ဘတ်စ်ကားစောင့်ရင်း နှာခေါင်းထဲ လက်နှိုက်တဲ့ အကျင့်ရှိနေတတ်ပါတယ်။ တချို့က စိတ်ဖိစီးမှုများတဲ့အခါ အလိုလိုနေရင်းကို နှာခေါင်းထဲလက်နှိုက်တတ်ပါတယ်။ အဲဒီလို အကျင့်ရှိနေရင် အဲဒီအချိန်တွေမှာ လက်ချောင်းတွေကို တစ်ခုခုအလုပ်ပေးရင်း အာရုံလွှဲလိုက်ပါ။ ဥပမာ – လက်တွေက အိတ်ကိုကိုင်ထားတာမျိုး။

လက်သည်း အလှဖော်ပြီး လက်သည်းနီ ဆိုးထားပါ။ ဒါဆိုရင် လက်သည်းထိခိုက်မှာစိုးလို့ နှာခေါင်းထဲ လက်နှိုက်နိုင်ခြေနည်းသွားပါလိမ့်မယ်။ အမျိုးသားဆိုရင် လက်ချောင်းထိပ်တွေကို ပလာစတာ ကပ်ထားလိုက်ပါ။

နှာခေါင်းကို အမြဲသန့်ရှင်းအောင်ထားပါ။ နှာခေါင်း ညစ်ပတ်နေတယ်လို့ထင်ရင် နှာခေါင်းထဲ လက်နှိုက်နိုင်ခြေများပါတယ်။ မနက်ခင်း ရေချိုးပြီးချိန်မှာ နှာခေါင်းကို သန့်ရှင်းရေးလုပ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top