Healthy Life Ad
Q & A

နှာခေါင်းကင်ဆာ (Nasal cancers)

ဒေါက်တာတင့်ဆွေ

ဆရာရှင့် . . သမီးအဒေါ်က နှာခေါင်းကင်ဆာ ဖြစ်နေတယ်လို့ ပြောပါတယ်။ လည်ပင်းမှာလည်း အကျိတ်တွေ ထွက်လာတယ်လို့ ပြောပါတယ်။ အခု ဓာတ်ကင်နေရတာလို့ ပြောပါတယ်။ သမီးသိချင်တာက နှာခေါင်းကင်ဆာ ဖြစ်ရတဲ့ အကြောင်းအရာလေးတွေကို ဗဟုသုတအနေနဲ့ ရေးပေးပါလားရှင့်။ သမီးသိချင်လို့ပါ၊ ကျေးဇူးတင်ပါတယ်ဆရာ။

Nasal cancers နှာခေါင်းကင်ဆာဆိုတာ ရှားတယ်။ တကယ်တော့ ကင်ဆာမှန်သမျှ ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာ တိတိကျကျ ပြောနိုင်လောက်အောင် ဆရာဝန်တွေက မတော်ကြသေးဘူး။ ကင်ဆာဆိုတာ Zodiac sign ဆယ့်နှစ်ရာသီခွင် အပ်တွေထဲက အရုပ်တခုကို စွဲခေါ်ထားတာပါ။ ဇွန် ၂၂ ကနေ ဇူလိုင် ၂၂ ကရကဋ်ရာသီအတွင်း မွေးဖွားသူတွေနဲ့ဆိုင်တဲ့ Crab ပုဇွန်လုံးပုံဖြစ်တယ်။ သူ့မှာ ခြေထောက်တွေအများကြီး မဟုတ်လား။ တင်စားချင်တာက မူလကိုယ်ထည်ကနေ ခြေထောက်တွေလို ဟိုဟိုဒီဒီရောက်စေတယ်လို့ ပြောချင်တာ။ စဖြစ်ရာကနေ တခြားဆီရောက်တတ်တာ “ကင်ဆာ” ။ နှာခေါင်းကင်ဆာကလည်း သွေးနဲ့သွေးပြန်ရည် လမ်းကြောင်းတွေကနေ တခြားတခြား သွားတော့တာဘဲ။

Lymph system သွေးပြန်ရည်စနစ်ကနေကူးတော့ Lymph nodes တက်စေ့တွေ ကြီးလာစေတယ်။ ဆိုးတာက အဆုတ်၊ အသဲ၊ အရိုးတွေဆီပါ

“လေ့ကျင့်ခန်းလုပ်သင့်တယ်။ ဓာတ်ကင်လို့ အနာဖြစ်ရင် ကုရမယ်။ ပဋိဇီဝဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အနာအကိုက်ပျောက်ဆေး၊ ဗီတာမင်၊ ပျို့-အန် ပျောက်ဆေးတွေလိုမယ်။ ဆံပင်ကျွတ်တာက နောက်တော့ ကောင်းလာနိုင်တယ်။ ကင်ဆာမှန်သမျှ ဖြစ်ပြီးနောက် ဘယ်လောက် အသက်ရှည်နိုင်သလဲဆိုတာကို ပြောရင်” . . .

ရောက်လို့ပဲ။ ဆရာဝန်တွေဆီ ရောက်လာရင် ၈၀% လောက်က ပြန့်နေတဲ့အဆင့် ရောက်နေတတ်တယ်။ အမျိုးသားတွေက ၂ဆပိုဖြစ်တယ်။ အသက် ၄၅နှစ် ကျော်တွေ ပိုဖြစ်တယ်။

Risk Factors and Prevention ဘာလို့ဖြစ်နိုင်သလဲ၊ ဘယ်လိုကာကွယ်မလဲ။ သုတေသန လုပ်ထားတာတွေထဲက အချက်တိုင်းကြောင့် ဖြစ်ရတာတော့ မဟုတ်ပါ။ အခွင့်အလမ်း များစေတာသာ ဖြစ်ပါတယ်။ ရေးပြတဲ့ အချက်တွေနဲ့ အတော်ကြီးနီးကပ်၊ ထိစပ်နေသူတွေမှာ ကင်ဆာမဖြစ်တာတွေ အများကြီးရှိပါတယ်။

၁။ ဆေးလိပ်၊ စီးကရက်၊ ဆေးတံ၊ ဆေးငုံ၊ ဆေးရှူ၊

၂။ အရက်၊

၃။ Human papillomavirus (HPV) ဆိုတဲ့ ဗိုင်းရပ်စ်၊ ဒီအကောင်က လိင်ဆက်ဆံရာကနေလည်း ကူးတဲ့ပိုး။

၄။ Specific inhalants အမှုံအမွှား၊ အငွေ့အသက်တွေ၊ သစ်သား၊ အဝတ်အထည်၊ သားရေ၊ Flour dust ဂျုံမှုန့်၊ Nickel dust (နစ်ကယ်လ်)၊ Chromium dust (ခရိုမီယမ်)၊ Mustard gas မုန်ညင်းငွေ့၊ Asbestos မျက်နှာကျက်လုပ်အမှုန့်၊ Isopropyl alcohol fumes (အိုင်ဆိုပရိုပိုင်းလ်)အရက်ပြန်၊ Radium fumes (ရေဒီယမ်)ငွေ့၊ Glue fumes ကော်ငွေ့၊ Formaldehyde fumes (ဖော်မယ်လ်ဒီဟိုက်)ငွေ့ Solvent fumes used in fur­ni­ture and shoe production ပရိဘောဂနှင့် ဖိနပ်လုပ်ငန်းသုံး ဖျော်ဆေးတွေ၊

၅။ Air pollution လေထုညစ်ညမ်းမှု

စဖြစ်တော့ အအေးမိ နှာစေးသလိုနဲ့ စတယ်။ ကြာတော့မှ ရောဂါရှိမှန်း သိရလို့ နောက်ကျနေတတ်တယ်။ နှာခေါင်းပိတ်တာ၊ မျက်စိထဲမှာ အရာနှစ်ခုမြင်တာ၊ မျက်ရည်ဆက်တိုက်ကျနေတာ၊ သွားတွေချောင်လာတာ၊ ခေါင်းကိုက်တာတွေ ဝင်လာတယ်။ အနံ့မရဖြစ်၊ နှာရည်ယို၊ နှာခေါင်းသွေးယို၊ ကိုယ်ပူတာတွေလည်း ရှိနိုင်တယ်။

ပါးစပ်-နှာခေါင်းနဲ့ မျက်နှာမှာ အလုံးပေါ်လာမယ်။ ပါးစပ်ဟရတာ ခက်တာမယ်။ လည်ပင်းအကျိတ်တွေ ပေါ်လာမယ်။ ကြာလေလေ အားယုတ်၊ အစားပျက်၊ ပိန်လာမယ်။ သေချာအောင် Endoscopy လည်ချောင်းထဲ ကရိယာထဲ့ စစ်ဆေးနည်း၊ Biopsy အသားစဖြတ်ယူ စစ်ဆေးနည်း၊ X ray ဓာတ်မှန်၊ CT or CAT scan စီတီ-စကင်န်၊ MRI တွေ လုပ်ရတယ်။

ဆေးကုတဲ့အခါ အဖွဲ့လိုက်ကနေ ကုပေးရတယ်။ ခွဲစိတ်ဆရာဝန်၊ သမားတော်၊ ကင်ဆာအထူးကု၊ ရောဂါဗေဒပညာရှင်၊ သူနာပြု၊ ဓါတ်ကင်ဌာန၊ စိတ်ရောဂါအထူးကု၊ အာဟာရအထူးကု၊ လူမှုရေးပညာရှင် စသူတွေ ပါနိုင်တယ်။ အများဆုံးက ခွဲစိတ်တာရယ်၊ ဆက်ပြီးဓာတ်ကင်တာ ၄-၅ ပတ်ကြာ လုပ်ပါတယ်။ နောက်ကျနေရင် မခွဲခင်ကတည်းက ဓာတ်ကင်ပေးတယ်။ ဓာတ်ကင်ကုသတာက ပိုအဆင်ပြေတတ်တယ်။ ခွဲတာလို ရုပ်သိပ်မပျက်ဘူး။

ခွဲစိတ်တာမှာလည်း ဖြစ်တဲ့နေရာက ရှုပ်ထွေးတဲ့အတွက် ရိုးရိုးခွဲတာအပြင် Laser surgery လေဆာနည်း၊ Cryosurgery အေးခဲနည်းတွေပါ ရတတ်သေးတယ်။ Reconstructive surgery ခွဲစိတ်ထားတဲ့ နှာခေါင်းကို အသစ်ပြင်နည်း၊ Prosthesis နှာခေါင်းအတု လုပ်တာတွေပါ လိုတတ်သေးတယ်။ ဓာတ်ကင်တာမှာ ၂ နည်းလုပ်တယ်။ External-beam radiation therapy အပြင်ကနေကင်တာနဲ့ Implants internal radiation therapy ရက်အကြာကြီး အချောင်းထည့်တာတွေ ဖြစ်တယ်။ အပြင်နည်းတခုဖြစ်တဲ့ Intensity modu­lated radiation therapy (IMRT) နည်းသစ်က ပိုထိရောက်တယ်လို့ ဆိုပါတယ်။

နောက်ကျသူတွေကို Chemotherapy ဆေးပေးကုတာလုပ်ပါတယ်။ တခြားနည်းတွေလည်း လုပ်ကြသေးပါတယ်။ Massage, Meditation, Music therapy, Prayer, Yoga နှိပ်တာ၊ တရားထိုင်တာ၊ ဂီတနဲ့ကုတာ၊ ဆုတောင်းတာ၊ ယောဂလေ့ကျင့်ခန်းနည်း။ ဓာတ်ကင်တော့ အားယုတ်တယ်။ အစာအာဟာရ ကောင်းကောင်းစားသင့်တယ်။ စိတ်ဓာတ်မကျအောင် လုပ်ရမယ်။

လေ့ကျင့်ခန်း လုပ်သင့်တယ်။ ဓာတ်ကင်လို့ အနာဖြစ်ရင် ကုရမယ်။ ပဋိဇီဝဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အနာအကိုက်ပျောက်ဆေး၊ ဗီတာမင်၊ ပျို့-အန်ပျောက်ဆေးတွေလိုမယ်။ ဆံပင်ကျွတ်တာက နောက်တော့ ကောင်းလာနိုင်တယ်။

ကင်ဆာမှန်သမျှ ဖြစ်ပြီးနောက် ဘယ်လောက် အသက်ရှည်နိုင်သလဲဆိုတာကို ပြောရင် ၅ နှစ်ခံနှုန်းနဲ့ပြောတယ်။ ဒီရောဂါမှာ ၅၄% ရှိလို့ အဆိုးကြီး မဟုတ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top