Healthy Life Ad
Health Tips

နှာခေါင်းပိတ်ခြင်း

စူး (ဆေးဝါးတက္ကသိုလ်)

ရာသီဥတုနည်းနည်းအေးလာတော့ အများစုကအအေးမိခြင်း၊ တုပ်ကွေးရောဂါ၊ ဓာတ်မတည့်မှုဖြစ်ခြင်း၊ နှာခေါင်းပိတ်ခြင်း စတဲ့ဝေဒနာလေးတွေ အဖြစ်များလာကြပါတယ်။ နှာခေါင်းပိတ်တဲ့အခါ ညဘက်မှာ အိပ်ရခက်ခဲပြီး ခေါင်းကိုက်တာနဲ့ မူးဝေတာတွေဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင် အမြန်ဆုံးသက်သာစေဖို့ သဘာဝဆေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

သဘာဝဆေး(၁) ရေနွေးငွေ့ရှူခြင်း

ရေနွေးငွေ့ရှူပေးတာကလည်း နှာခေါင်းပိတ်တာကို သက်သာစေပါတယ်။ ရေနွေးထဲ ပင်စိမ်း၊ ချင်း(ဂျင်း)စတာတွေထည့်ပြီး ထွက်လာတဲ့အငွေ့ကို ရှူပေးရင် ပိုပြီးအကျိုးရှိစေပါတယ်။

သဘာဝဆေး(၂) ပရုတ်ဆီလိမ်းခြင်း

ပရုတ်ဆီအနည်းငယ်ကို နှာတံပေါ်မှာ ပွတ်လိမ်းပေးတာကြောင့် နှာခေါင်းပိတ်တာ သက်သာစေပြီး သက်သောင့်သက်သာရှိရှိ အသက်ရှူနိုင်စေပါတယ်။ အိပ်ရာဝင်ချိန်မှာလုပ်ရင် တစ်ညလုံး အိပ်ရေးဝ၀ အိပ်မောကျစေမှာပါ။

သဘာဝဆေး(၃) လာဗန်ဒါရနံ့ဆီလိမ်းခြင်း

လာဗန်ဒါရနံ့ဆီမှာ ပိုးသတ်အစွမ်း၊ ရောင်ရမ်းမှုကျစေတဲ့အစွမ်းနဲ့ အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိတာကြောင့် လာဗန်ဒါရနံ့ဆီကို အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီနဲ့ ရောမွှေပြီး ရင်ဘတ်မှာ ပွတ်လိမ်းကာနှိပ်ပေးပါ။ ဒါဆိုရင် နှာခေါင်းပိတ်တာ သက်သာပြီး အသက်ရှူရအဆင်ပြေစေပါတယ်။

သဘာဝဆေး(၄) ခြေအိတ်ဝတ်ခြင်း

အေးတဲ့အချိန်မှာ ခြေထောက်တွေကို အေးမနေပါစေနဲ့။ ခြေထောက်တွေ နွေးထွေးနေအောင် ခြေအိတ်ဝတ်ထားပေးပါ။ ဒါက နှာရည်ယိုတာနဲ့ နှာခေါင်းပိတ်တာကို သက်သာစေပါတယ်။

သတိပြုရန် – နှာခေါင်းပိတ်တာကို ဒီနည်းတွေလုပ်ပြီး ရက်အနည်းငယ်ကြာလို့မှ မသက်သာရင် ဆရာဝန်ထံ သွားပြသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top