Healthy Life Ad
Life Style

ခါးအလှပေါ်လွင်စေမည့် ဝတ်ဆင်နည်းများ

၊ လရိပ်မေ ၊

ခါးတုတ်နေလို့ အဝတ်အစားဝတ်ရတာ အဆင်မပြေဘူးလား။ စိတ်မပူပါနဲ့။ အဝတ်အစားပုံစံက စမတ်ကျနေရင် ခါးအလှပေါ်လွင်ပြီး သင့်ခန္ဓာကိုယ်ကို သွယ်လျအချိုးကျသွားစေပါလိမ့်မယ်။

ခါးအလှပေါ်လွင်အောင် ဝတ်ဆင်သင့်သည့် အင်္ကျီပုံစံ


(၁) V ပုံသဏ္ဍာန်အင်္ကျီ

လည်ပင်းပေါက်က V ပုံသဏ္ဍာန်ရှိနေရင် သင့်ခါးကို အလိုလိုသိမ်သွားစေပါတယ်။ ဒီလည်ပင်းပုံဟာ လူတွေကို ခန္ဓာကိုယ် အလယ်ပိုင်းနေရာမှ အာရုံလွဲသွားစေပြီး ခန္ဓာကိုယ်အပေါ်နေရာကို ပိုပေါ်လွင်သွားစေပါတယ်။


(၂) ရင်အောက်စည်း အင်္ကျီ

ဒီအင်္ကျီပုံစံကလည်း ခါးမရှိတာကို ဖုံးအုပ်သွားစေနိုင်ပါတယ်။ ဒီအင်္ကျီပုံစံကို ညနေခင်းပွဲတက်ဝတ်တဲ့ ဂါဝန်လေးတွေ၊ ဂျင်းဘောင်းဘီနဲ့ တွဲဝတ်တဲ့ အင်္ကျီကားကားလေးတွေအနေနဲ့ အတွေ့ရများပြီး ခါးတုတ်နေသူတွေနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းတွေဖြစ်ပါတယ်။


(၃) ကုတ်အင်္ကျီ

ကိုယ်ခန္ဓာနဲ့အတိ ကိုက်ညီအောင်ချုပ်ထားတဲ့ ကုတ်အင်္ကျီအတိုနဲ့ ခါးနေရာမှာစည်းထားတဲ့ ကုတ်အင်္ကျီအရှည်တွေကို ဝတ်ဆင်ပေးရင်လည်း ခါးအလှပေါ်လွင်စေပါတယ်။


ခါးတုတ်သူတို့ ရှောင်သင့်သည့် ဝတ်စားဆင်ယင်မှုများ

ခါးနေရာမှာ ဘာအဆင်၊ ဘာလိုင်းမှမပါတဲ့ ဝတ်စုံပွပွတွေ၊ ခါးပတ်နဲ့ ခါးရှုံ့မပါတဲ့ ကုတ်အင်္ကျီတွေကို ရှောင်ဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top