Healthy Life Ad
International

မင်းသမီးကီရာနိုက်တလေ၏ အလှအပအလေ့အထမျာ

လရိပ်မေ

ဗြိတိန်မင်းသမီး ကီရာနိုက်တလေက အသားအရေထိန်းနည်း၊ အပန်းဖြေခြင်း စတာတွေနဲ့ပတ်သက်ပြီး သူ့အကြောင်း မျှဝေထားပါတယ်။

ဘယ်လိုအပန်းဖြေလေ့ရှိပါသလဲ
ကလေးငယ်ရှိတဲ့အတွက် အပန်းဖြေဖို့ အချိန်မရှိသလောက်ပါပဲ။ သူအိပ်တဲ့အချိန်ဆိုရင်တော့ ဝိုင်တစ်ခွက်နဲ့ အပန်းဖြေတာပေါ့။ ရေစိမ်ကန်ထဲ ရေစိမ်ချိုးရင်းနဲ့ အပန်းဖြေပါတယ်။

မိတ်ကပ်ကို ဘယ်လိုလိမ်းပါသလဲ
အလုပ်အတွက် လိုအပ်မှပဲ မိတ်ကပ်လိမ်းပါတယ်။ အလုပ်မလုပ်တဲ့နေ့ရက်ဆိုရင် ဘာမိတ်ကပ်မှမလိမ်းပါဘူး။ ဇာတ်လမ်းသဘောအရ ဇာတ်ကောင်စရိုက်အတိုင်း မိတ်ကပ်လိမ်းခြယ်ရတာကို သဘောကျပါတယ်။

အသားအရေကို ဘယ်လိုထိန်းသိမ်းပါသလဲ
ထွေထွေထူးထူးသိပ်မလုပ်ပါဘူး။ နှင်းဆီအဆီနည်းနည်းသုံးပြီး အဲဒါနဲ့ အစိုဓာတ်ထိန်းခရင်မ်ကိုရောပြီး မျက်နှာကို လိမ်းပါတယ်။ အဓိကက မိတ်ကပ်ကို သေချာသန့်စင်ပေးတာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top