Healthy Life Ad
Life Style

ခါးအလှပေါ်လွင်စေမည့် ဝတ်ဆင်နည်းများ

———၊ လရိပ်မေ ၊———

ခါးတုတ်နေလို့ အဝတ်အစားဝတ်ရတာ အဆင်မပြေဘူးလား။ စိတ်မပူပါနဲ့။ အဝတ်အစားပုံစံက စမတ်ကျနေရင် ခါးအလှပေါ်လွင်ပြီး သင့်ခန္ဓာကိုယ်ကို သွယ်လျအချိုးကျသွားစေပါလိမ့်မယ်။

ခါးအလှပေါ်လွင်အောင် ဝတ်ဆင်သင့်သည့် ဖက်ရှင်

၁။ V ပုံသဏ္ဍာန်အင်္ကျီ

လည်ပင်းပေါက်က V ပုံသဏ္ဍာန်ရှိနေရင် သင့်ခါးကို အလိုလို သိမ်သွားစေပါတယ်။ ဒီလည်ပင်းပုံဟာ လူတွေကို ခန္ဓာကိုယ်အလယ်ပိုင်းနေရာမှ အာရုံလွဲသွားစေပြီး ခန္ဓာကိုယ်အပေါ်နေရာကို ပိုပေါ်လွင်သွားစေပါတယ်။

၂။ ရင်အောက်စည်းအင်္ကျီ

ဒီအင်္ကျီပုံစံကလည်း ခါးမရှိတာကို ဖုံးလွှမ်းသွားစေနိုင်ပါတယ်။ ဒီအင်္ကျီပုံစံကို ညနေခင်းပွဲတက်ဝတ်တဲ့ ဂါဝန်လေးတွေ၊ ဂျင်းဘောင်းဘီနဲ့တွဲဝတ်တဲ့ အင်္ကျီကားကားလေးတွေအနေနဲ့ အတွေ့ရများပြီး ခါးတုတ်နေသူတွေနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းတွေ ဖြစ်ပါတယ်။

၃။ ကုတ်အင်္ကျီ

ကိုယ်ခန္ဓာနဲ့အတိကိုက်ညီအောင် ချုပ်ထားတဲ့ ကုတ်အင်္ကျီအတိုနဲ့ ခါးနေရာမှာ စည်းထားတဲ့ ကုတ်အင်္ကျီအရှည်ကို ဝတ်ဆင်ပေးရင်လည်း ခါးအလှပေါ်လွင်စေပါတယ်။

ခါးတုတ်သူတို့ ရှောင်သင့်သည့် ဝတ်စားဆင်ယင်မှုများ

ခါးနေရာမှာ ဘာအဆင်၊ ဘာလိုင်းမှမပါတဲ့ ဝတ်စုံပွပွတွေ၊ ခါးပတ်နဲ့ ခါးရှုံ့မပါတဲ့ကုတ်အင်္ကျီတွေကို ရှောင်ဖို့လိုပါတယ်။

Most Popular

Healthy Life Ad
To Top