Healthy Life Ad
Life Style

ဒိန်ချဉ်သုံးပြီး မျက်နှာပေါင်းတင်နည်း

လရိပ်မေ

မျက်နှာကြည်လင်တောက်ပစေဖို့ Spa သွားပြီး အကုန်အကျမခံနိုင်ရင်လည်း စိတ်မပူပါနဲ့။ ဒိန်ချဉ်နဲ့ပေါင်းတင်လိုက်ပါ။

– မျက်နှာကိုသန့်စင်အောင် ဆေးကြောပြီး ဒိန်ချဉ်အလွတ်ကို မျက်နှာတစ်ပြင်လုံးအနှံ့လိမ်းပေးပါ။ မိနစ် ၂၀ လောက်ကြာမှ ရေနဲ့ ဆေးချလိုက်ပါ။ ချွေးပေါက်တွေကျဉ်းပြီး မျက်နှာကြည် လင်သန့်စင်သွားပါလိမ့်မယ်။

– မျက်နှာတစ်ခုလုံး လန်းဆန်းသစ်လွင်သွားအောင် ဒိန်ချဉ်လက်ဖက်စားဇွန်းတစ်ဇွန်း၊ လိမ္မော်ရည်လက် ဖက်စားဇွန်းတစ်ဇွန်းနဲ့ ရှားစောင်းလက်ဖက်စားဇွန်း တစ်ဇွန်းတို့ကိုရောမွှေပြီး မျက်နှာပြင်အနှံ့ လိမ်းပေးပါ။ အချိန်ငါးမိနစ်လောက် ထားပြီးရင် ရေအေးနဲ့ဆေးချလိုက်ပါ။

နေလောင်ဒဏ်ရာ ကုသနည်း
နေလောင်ဒဏ်ရာသက်သာဖို့အတွက် အေးမြနေတဲ့ ဒိန်ချဉ်အလွတ်ကို မျက်နှာပြင်အနှံ့ လိမ်းပေးလိုက်ပါ။ ဒိန်ချဉ်က မျက်နှာပြင်ကို အစိုဓာတ်ထိန်းပေးနိုင်ပြီး အေးမြစေပါတယ်။ ပြီးရင် ရေအေးနဲ့ ဆေးချလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top