Healthy Life Ad
Health Tips

ဒိန်ချဉ်၏ ဆေးဖက်ဝင်စွမ်းပကား

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ဒီနေ့ခေတ်မှာ ဒိန်ချဉ်က ကျန်းမာရေးအတွက် အင်မတန်အကျိုးပြုတယ်ဆိုပြီး ကလေးဖြည့်စွက်စာ ကျွေးချိန်ကစလို့ သက်ကြီးဘိုးဘိုး ဘွားဘွားအရွယ်အထိ မိသားစုတိုင်းရဲ့ လက်စွဲအာဟာရဖြစ်လို့ နေပါတယ်။ ဒိန်ချဉ်မှာ ဘယ်လိုဆေးဖက်ဝင် အာနိသင်တွေ ရှိတာလဲဆိုတာ တိတိကျကျ သိနားလည်စေဖို့ ဗဟုသုတ မျှဝေပေးပါရစေ။

(၁) အစာကြေညက်စေပါတယ်

ဒိန်ချဉ်သောက်ရင် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ လေထတာနဲ့ လေချဉ်တက်တာ စတဲ့ အစာအိမ်အူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။

(၂) ကိုယ်ခံအားအဆင့်ကို မြင့်တက်စေပါတယ်

ဆဲလ်အဆင့်မှာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

(၃) အစာအိမ်အူလမ်းကြောင်း ဝေဒနာ သက်သာစေပါတယ်

ဒိန်ချဉ်မှာပါတဲ့ အကျိုးပြုဘက်တီးရီးယားဟာ မှိုစွဲဝေဒနာကို သက်သာစေပါတယ်။ ဗိုက်နာတာ၊ ဗိုက်အောင့်တာတွေ မကြာခဏ ဖြစ်နေရင် ဒိန်ချဉ်မှန်မှန် သောက်ပေးတဲ့အခါ သက်သာစေပါတယ်။

(၄) ကိုလက်စထရောအဆီ ကျစေပါတယ်

ဒိန်ချဉ်ထဲမှာ အကျိုးပြုဘက်တီးရီးယား၊ ကယ်လ်စီယမ် စတာတွေ ပါဝင်တဲ့အတွက် မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။ အချိန်တစ်လခွဲကြာ ဒိန်ချဉ်စားတဲ့ သူတွေဟာ မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို ၉ ရာခိုင်နှုန်းနီးပါး လျော့ကျစေတယ်လို့ ကနေဒီသုတေသီတွေက ဆိုပါတယ်။ အကြောင်းကတော့ ဒိန်ချဉ်မှာပါတဲ့ Lactobacillus reuteri ဆိုတဲ့ အကျိုးပြုဘက်တီးရီးယားကြောင့်ပါပဲ။

(၅) ဆံပင်သားချောမွေ့စေပါတယ်

ခေါင်းမလျှော်ခင် ဆံပင်သားတွေမှာ ဒိန်ချဉ်လိမ်းပေးရင် ဆံကေသာကို ကွန်ဒီရှင်နာလိမ်းသလို ချောမွေ့စေပါတယ်။

(၆) အသားအရေ ကြည်လင်စေပါတယ်

အရေပြားပေါ် ဒိန်ချဉ်လိမ်းပေးရင် အရေပြားတောက်ပစေပါတယ်။ ဒိန်ချဉ်ဟာ ဝက်ခြံအဖုအပိမ်နဲ့ နေလောင်ဒဏ်ရာတွေကို သက်သာစေပါတယ်။

(၇) ရာသီအကြိုဝေဒနာ သက်သာစေပါတယ်

အမျိုးသမီးတွေ ခံစားရတဲ့ ရာသီအကြိုဝေဒနာကြောင့် ဟော်မုန်းအပြောင်းအလဲဖြစ်တာနဲ့ စိတ်ဓာတ်ကျတာတို့ကို သက်သာစေပါတယ်။

Most Popular

Healthy Life Ad
To Top