Healthy Life Ad
Q & A

Detox Diet ထိရောက်သလား

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

မေး ။ ။ ကိုယ်တွင်း အဆိပ်ထုတ်တယ်ဆိုတဲ့ Detox Diet တွေက အခုခေတ်မှာ ရေပန်းစားလာပါတယ်။ အဲဒါတွေက တကယ်ပဲခန္ဓာကိုယ်က အဆိပ်အတောက်တွေကို သန့်စင်နိုင်ပါသလားရှင့်။
Cherry (FB)

ဖြေ ။ ။ အဓိကကတော့ ရှောက်သီး၊ လီမွန်သီး စတာတွေကို အသုံးပြုပြီး ကိုယ်တွင်းအဆိပ်ထုတ်တာပါ။ ဒါတွေက အဆိပ်အတောက်ကိုသန့်စင်နိုင်ပါတယ်။ များသောအားဖြင့် ကိုယ်ကဘာစားစား၊ ဥပမာ အရက်သောက်တာပဲဖြစ်ဖြစ် အသည်းထဲမှာချေဖျက်ပြီး အသည်းထဲမှာပဲ အဆိပ်တွေ စွန့်ထုတ်လိုက်ပါတယ်။ အရက်သောက်တဲ့အခါ တကျိုက်တည်းမော့သောက်တဲ့သူက ဖြည်းဖြည်းချင်းသောက်တဲ့သူထက် အဆိပ်ဖြစ်နှုန်းပိုများပါတယ်။ အဲဒီအခါ အသီးဖျော်ရည်(ဥပမာ ရှောက်သီးဖျော်ရည်၊ လီမွန်သီးဖျော်ရည်) စတာတွေနဲ့ အဆိပ်ထုတ်ရင်သန့်စင်နိုင်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top