Healthy Life Ad
Health Tips

အသားမစားဘဲ ငါးနှင့် ဟင်းသီးဟင်းရွက် စားခြင်းဖြင့် အူမကြီးကင်ဆာဖြစ်နှုန်းကို ထက်ဝက်လျှော့ချနိုင်

အသားမစားဘဲ ငါးနဲ့ ဟင်းသီးဟင်းရွက် တွေပါဝင်တဲ့ အစားအစာတွေကို စားသူတွေက အူမကြီးကင်ဆာ ဖြစ်နှုန်းကို ၄၃ ရာခိုင်နှုန်း လျော့ကျစေကြောင်း လေ့လာမှုအရသိရပါတယ်။

သက်သတ်လွတ်စားသူတွေအတွက် သတင်းကောင်းက သက်သတ်လွတ်စားသူတွေဟာ အသားစားသူတွေထက် ကင်ဆာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းလျော့ကျမှုရှိတယ်လို့ လေ့လာသူ တွေက ဆိုပါတယ်။

အူမကြီးကင်ဆာ ဖြစ်စေနိုင်တဲ့ အဓိက အချက်တွေက-

– အရက်အလွန်အမင်းသောက်တာ၊

– အနီရောင် ဒါမှမဟုတ် ပြုပြင်ထားတဲ့ အသားများများ စားတာ၊

– ဆေးလိပ်သောက်တာ၊

– ကိုယ်အလေးချိန်များတာ၊ အထူးသဖြင့် ဝမ်းဗိုက်တစ်ဝိုက်အဆီများတာတို့ ဖြစ်ကြပါတယ်။

သက်သတ်လွတ်စားသူတွေက ယေဘုယျအားဖြင့် ကျန်းမာရေးနဲ့ပိုမိုညီညွတ်တဲ့ အစာတို့ ကိုစားရတဲ့အတွက် အဝလွန်နိုင်ခြေ လျော့ကျတတ်တယ်လို့ အရင်ကတည်းက သိရှိပြီးဖြစ်ပါတယ်။ အခုအခါမှာတော့ သက်သတ်လွတ်အစာစားတာက အူမကြီးကင်ဆာဖြစ်နှုန်း လျော့ကျမှုနဲ့ ဆက်စပ်နေတယ်ဆိုတာကို လေ့လာသူတွေက ထပ်မံတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top