Healthy Life Ad
Q & A

နှလုံးကြီးခြင်းအတွက် နေထိုင်စားသောက်မှုပုံစံ

မေး။ ။ နှလုံးဘာကြောင့်ကြီးရပါသလဲဆရာ။ ပျောက်အောင် ဘယ်လိုအစားအစာမျိုးတွေစားသင့်ပါသလဲ။ စားရင်ကော ပုံမှန်ပြန်ဖြစ်သွားပါသလားရှင့်။သိချင်လို့ မေးကြည့်တာပါဆရာ။
Mya Mya Aye(FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ နှလုံးကြီးတာကိုဆေးပညာအရ Cardiome­galy လို့ခေါ်ပါတယ်။ နှလုံးအရွယ်အစားကြီးရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ နှလုံးကြီးတာက နှလုံးကြွက်သားနဲ့ အဆို့ရှင်ရောဂါတွေ၊ သွေးကြောဆိုင်ရာရောဂါတွေ၊ သွေးတိုးရောဂါ၊ အရက်အလွန်အကျွံသောက်တာစတဲ့အကြောင်းတွေ ကြောင့်ဖြစ်တာများပါတယ်။ အများစုကတော့ သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောရောဂါတွေကြောင့်ဖြစ် တာများပါတယ်၊။ နှလုံးပြန်သေးဖို့ မဖြစ်နိုင်ပေမယ့် နောက်ဆက်တွဲ ပြဿနာတွေ ဝင်မလာအောင်ထိ ထိရောက်ရောက် ကုသထားဖို့လိုပါတယ်။

မိသားစုဝင်မှာ အလားတူဖြစ်ဖူးရင် ပိုဂရုစိုက်သင့်ပါတယ်။ ကြိုတင်ကာကွယ်ဖို့အတွက်-

– ဆေးလိပ်မသောက်ပါနဲ့။

– သွေးမတိုးအောင်နေပါ။

– အဆီအအိမ့်၊ အငန်စတဲ့ အစားအသောက်တွေကို အတတ်နိုင်ဆုံး လျှော့စားပါ။

– ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ပါ။

ရောဂါလက္ခဏာပြရင် နားလည်တတ်ကျွမ်းသူတွေနဲ့ပြသပြီး ထိရောက်တဲ့ကုသမှုရယူဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top