Healthy Life Ad
Life Style

သင့်ကိုယ်လုံးနဲ့ လိုက်ဖက်တဲ့ အဝတ်အစား ရွေးဝတ်ရအောင် (၂)

၊ ငွေကြယ်စင်ယံ ၊

သင့်ကိုယ်လုံးနဲ့ လိုက်ဖက်အောင် ဝတ်တတ်ရင် ပိုကြည့်ကောင်းတဲ့ အလှတရားကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ တြိဂံပြောင်းပြန်ပုံ ကိုယ်လုံးပိုင်ရှင်တွေအတွက် ဖော်ပြလိုက်ပါတယ်။

– တြိဂံပြောင်းပြန်ပုံကိုယ်လုံး

တြိဂံပြောင်းပြန်ပုံကိုယ်လုံးဆိုတာ ပခုံးတွေက တင်ပါးထက် ပိုကျယ်ပြန့်နေပြီး ရင်သားကြီးသူတွေကို ဆိုလိုပါတယ်။ တင်ပါးကျဉ်းပြီး ခါးနဲ့ တင်ပါး အရွယ်အစား သိပ်မကွာခြားသူတွေပါ။

တြိဂံပြောင်းပြန်ပုံ ကိုယ်လုံးတွေက ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် ဘယ်လိုဝတ်သင့်သလဲ

ရည်ရွယ်ချက်။ ။ ခန္ဓာကိုယ်အပေါ်ပိုင်းကို ပိုသေးသယောင် ထင်ရစေဖို့ ဝတ်ရပါမယ်။

– အရောင်ရင့်တဲ့ အင်္ကျီဝတ်ပါ။

– ရှပ်အင်္ကျီ၊ ဘလောက်စ်အင်္ကျီ စတာတွေက V ပုံစံလည်ပင်းပေါက် ဒါမှမဟုတ် U ပုံစံ လည်ပင်းပေါက်ဖြစ်သင့်ပြီး ကိုယ်နဲ့ကွက်တိ ဖြစ်နေရပါမယ်။ ခါးအရှည်က တင်ပါးရိုးအောက်နားမှာ ဖြစ်ရပါမယ်။

– ခါးပတ်ပြား ပတ်သင့်ပါတယ်။

– ကုတ်အင်္ကျီဝတ်ရင် ခါးနေရာမှာ ခါးပတ်ပြားပါတဲ့ အင်္ကျီဝတ်ပါ။

– ခါးပတ်ပြားပါတဲ့ တစ်ဖြောင့်တည်း ဂါဝန်ရှည်ကိုဝတ်ဆင်ပါ။

တြိဂံပြောင်းပြန်ပုံကိုယ်လုံးတွေ ဘယ်လို မဝတ်သင့်ဘူးလဲ

– ခန္ဓာကိုယ်အပေါ်ပိုင်း ကြီးသယောင်ဖြစ်စေတဲ့ လက်ဖောင်းအင်္ကျီကို ရှောင်ပါ။

– ပခုံးကြိုးပြားအသေးလေးပါတဲ့ အင်္ကျီကိုမဝတ်သင့်ပါဘူး။

– လက်တိုရှပ်အင်္ကျီနဲ့ လက်တိုဘလောက်စ် အင်္ကျီကို မဝတ်သင့်ပါဘူး။

တြိဂံပြောင်းပြန်ပုံကိုယ်လုံးတွေက ခန္ဓာကိုယ် အောက်ပိုင်းအတွက် ဘယ်လိုဝတ်သင့်သလဲ

ရည်ရွယ်ချက်။ ။ ခြေသလုံးအလှပေါ်လွင်စေမယ့် အဝတ်အစားကို ဝတ်သင့်ပါတယ်။

– ဘောင်းဘီပွပွ၊ စကပ်ကားကား ဝတ်ပါ။ အရောင်ဖျော့ပြီး အပွင့်၊ အဆင်လေးတွေပါတဲ့ စကပ်ဝတ်ပါ။

– အလွှာလေးတွေပါတဲ့ စကပ်၊ အစင်းလေးတွေပါတဲ့ စကပ်ဝတ်ပါ။ စကပ်အရှည်က မတိုလွန်း၊ မရှည်လွန်းသင့်ပါဘူး။

ဘယ်လို မဝတ်သင့်ဘူးလဲ

– ကျပ်လွန်းတဲ့ စကပ်ရှည် မဝတ်သင့်ပါဘူး။

– တဖြောင့်တည်းရှည်တဲ့ စကပ်၊ ဒူးတစ်ဝိုက်မှာ ကျဉ်းတဲ့ စကပ်ကို ရှောင်ပါ။

ဖိနပ်

ခြေသလုံးကို အာရုံစိုက်နိုင်မယ့် ဖိနပ်ကို စီးပါ။ အရောင်တောက်ပတဲ့ ဒေါက်ဖိနပ်စီးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top