Healthy Life Ad
Health Tips

မျက်စိညောင်းလျှင်၊ ခေါင်းကိုက်လျှင် နဖူးအလယ်က အမှတ်ကို နှိပ်ပေးပါ

လရိပ်မေ
တစ်ကိုယ်လုံးကို အပန်းပြေစေမယ့် နှိပ်နယ်နည်းဖြစ်ပါတယ်။ ဒီနှိပ်နည်းဟာကျွန်မတို့ရဲ့ ကျန်းမာရေးကို ကောင်းစေရုံသာမက စိတ်ခံစားမှုကို ကောင်းစေပါတယ်။ မျက်ခုံးနှစ်ခုကြားပုံမှာ ပြထားတဲ့နေရာကို နှိပ်ပေးရင် သင်ရဲ့အာရုံစူးစိုက်နိုင် စွမ်းကိုကောင်းစေပြီး ဖိစီးမှုတင်းအားကို လျော့ကျစေပါတယ်၊ ခေါင်းကိုက်ဝေဒနာ ပျောက်စေပြီး မျက်စိတွေကို အပန်းပြေစေပါတယ်။ အထူးသဖြင့် ကွန်ပျူအာအသုံးများသူတွေ ပြုလုပ်သင့်တဲ့ နှိပ်နည်းဖြစ်ပါတယ်။

ဘယ်လို လုပ်သင့်သလဲ
မျက်ခုံးနှစ်ခုကြားအမှတ်ကို ညင်ညင်သာသာနှိပ်ပေးပါ။ ပြီးရင် လက်ချောင်းကို မျက်ခုံးအထက် သုံးစင်တီမီတာလောက်အထိ တဖြည်းဖြည်း ရွှေ့ကာနှိပ်ပေးပါ။ ၁၅ စက္ကန့်လောက် လုပ်ဆောင်ပေးပါ။ဒီနှိပ်နည်းက ဦးနှောက်အစိတ်အပိုင်းတစ်ခုကို လှုံ့ဆော်ပေးပြီး အာရုံကြောတင်းအားကို လျော့ကျစေပါတယ်၊ မျက်ဝန်းတစ်ဝိုက် အရေပြားကို တင်းရင်းစေပါတယ်။ ရုတ်တရက် ခေါင်းကိုက်ရင် ဒါမှမဟုတ် မျက်စိညောင်းရင် သင်လုပ်သင့်တဲ့ နည်းပဲ ဖြစ်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top