Healthy Life Ad
Health Tips

ခေါင်းတစ်ခြမ်းကိုက်ရောဂါအကြောင်း သိထားသင့်သည့် အံ့ဖွယ်အချက် ၁၀

——၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——-

ထောပတ်သီး၊ ပဲနီလေး စတာတွေကို စားတာကြောင့် ခေါင်းတစ်ခြမ်းကိုက်အောင် လှုံ့ဆော်နိုင်တယ်လို့ သင်ထင်နေပါသလား၊ ဒါမှမဟုတ် တချို့ခေါင်းတစ်ခြမ်းကိုက်ရောဂါ ကုသဆေးတွေက တကယ်ကိုခေါင်းကိုက်စေနိုင်တယ်လို့ သင်ယူဆပါသလား။

(၁) ဒိုင်ယာရီ စာအုပ်ထဲ ရေးမှတ်ထားတာက သက်သာစေပါတယ်

ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဘယ်အချိန်မှာဖြစ်ပေါ်တယ်၊ နေ့တစ်နေ့ရဲ့အစမှာ ပိုဆိုးသလား၊ ဘာကိုစားတာကြောင့် ပိုဆိုးသလဲ၊ အမျိုးသမီးတွေမှာ ရာသီလာတဲ့အခါ ခေါင်းတစ်ခြမ်းကိုက်တတ်သလား စတဲ့အချက်တွေကို ဒိုင်ယာရီထဲမှာ ရေးမှတ်ထားပါ။ ဒီလိုရေးထားတာကြောင့် ဘယ်လိုအခြေအနေမှာ ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ပိုဆိုးစေတယ်ဆိုတာ သင်သိလာပြီး သင်ရှောင်ရှားလာနိုင်မှာပါ။

(၂) လေ့ကျင့်ခန်းလုပ်တာကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်

ပုံမှန်လေ့ကျင့်ခန်းလုပ်တာက နေ့တိုင်းဆေးဝါးသောက်သလို ဒါမှမဟုတ် အပန်းဖြေသလို ခေါင်းတစ်ခြမ်းကိုက်ရောဂါကို သက်သာစေတယ်လို့ လတ်တလောလေ့လာမှုတစ်ခုအရ သိရပါတယ်။ တစ်ကြိမ်မှာ မိနစ် ၄၀နဲ့ တစ်ပတ်မှာသုံးကြိမ်ခန့် လေ့ကျင့်ခန်းလုပ်သူတွေဟာ ချွေးထွက်တာကြောင့် စိတ်ဖိစီးမှုဟော်မုန်းလျော့ကျပြီး ခေါင်းကိုက်ဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။

(၃) ခေါင်းတစ်ခြမ်းကိုက်ရောဂါ သက်သာစေတဲ့ ဆေးတွေက ခေါင်းကိုက်စေနိုင်ပါတယ်

တစ်ပတ်မှာ သုံးကြိမ်ထက်ပိုပြီး အကိုက်အခဲပျောက်ဆေး သောက်တဲ့အခါ ပြန်လည်ပြီး ခေါင်းကိုက်တဲ့ဝေဒနာ ဖြစ်ပေါ်စေပါတယ်။ အကိုက်အခဲပျောက်ဆေးကို သောက်တဲ့အချိန်တိုင်း ခေါင်းကိုက်ဝေဒနာကို ရေတိုသက်သာစေပါတယ်။ တဖြည်းဖြည်းနဲ့ ရေရှည်ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်လာတတ်ပါတယ်။

(၄) ခေါင်းတစ်ခြမ်းကိုက်တာက ရာသီလာတာနဲ့ ဆက်စပ်နေပါတယ်

အမျိုးသမီးတစ်ယောက်ရဲ့ လစဉ်ရာသီစက်ဝန်းကို ထိန်းချုပ်တဲ့ဟော်မုန်းတွေဟာ ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အခါ ဒါမှမဟုတ် ပထမဆုံး ရာသီလာတဲ့အခါ အမျိုးသမီးတွေက ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ သွေးဆုံးပြီးချိန်မှာ ခေါင်းတစ်ခြမ်းကိုက်ရောဂါ သက်သာသွားပါတယ်။ ပဋိသန္ဓေတားသောက်ဆေးထဲက ဟော်မုန်းတွေဟာ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပြင်းထန်မှုနဲ့ အကြိမ်ရေကို ပြောင်းလဲစေပါတယ်။

(၅) ခေါင်းတစ်ခြမ်းကိုက်ရောဂါက အစာသုံးမျိုးနဲ့ ဆက်စပ်နေပါတယ်

အစားအသောက်အများစုဟာ ခေါင်းတစ်ခြမ်းကိုက်ရောဂါမဖြစ်အောင် ပိတ်ပင်ထားနိုင်ပေမယ့် ခေါင်းတစ်ကိုက်ရောဂါဖြစ်စေတဲ့ အဓိကအစာသုံးမျိုးရှိပါတယ်။ အဲဒါတွေကတော့ နိုက်ထရိတ်ပါတဲ့ အစာ(ဥပမာ-ဟော့ဒေါ့နဲ့နေ့လယ်စာအသား)တွေ ဖြစ်ကြပါတယ်။ တိုင်ယာမင်းပါတဲ့ အစာ(ဥပမာ- ငါးကင်၊ ပဲပိစပ်ထုတ်ကုန်နဲ့ နှစ်ချို့ဒိန်ခဲ)တို့ ဖြစ်သလို အချိုမှုန့်ပါတဲ့ အစာ(ဥပမာ- စွပ်ပြုတ်၊ အဆင်သင့်အစာ)တို့ဖြစ်ကြပါတယ်။ ဒီအစာတွေကို ရှောင်တာကြောင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါမထအောင် ကာကွယ်နိုင်ပါတယ်။

(၆) စိတ်ကျကုသဆေးတွေက ခေါင်းတစ်ခြမ်းကိုက်ရောဂါမရအောင် ကူညီနိုင်ပါတယ်

သင်က စိတ်ကျရောဂါ မခံစားရရင်တောင်မှ စိတ်ကျကုသဆေးတွေသောက်ရင် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေကာ ဦးနှောက်ထဲက ဓာတုပစ္စည်းပမာဏကို ပြောင်းလဲစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ကုသနိုင်တဲ့ တခြားဆေးတွေက တခြားအခြေအနေတွေမှာလည်း အသုံးဝင်နေပါတယ်။

(၇) ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ခန့်မှန်းနိုင်ပါတယ်

ထူးဆန်းတဲ့ အစားအသောက်တွေကို ချဉ်ခြင်းတပ်တာ၊ စိတ်လှုပ်ရှားတာနဲ့ သမ်းဝေချင်စိတ်ကို မထိန်းချုပ်နိုင်တာတွေက ၂၄ နာရီကြိုတင်ပြီး ဖြစ်ပေါ်တတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်သူ ငါးဦးအနက် တစ်ဦးနှုန်းဟာ ပြိုးပျက်တဲ့အလင်းတန်းမြင်တာ၊ ထုံကျဉ်တာ အစရှိတဲ့ ခံစားချက်တွေကို ကြိုခံစားရတတ်ပါတယ်။

(၈) ခေါင်းကိုက်ဝေဒနာမရှိဘဲ ခေါင်းတစ်ခြမ်းကိုက်နိုင်ပါတယ်

ခေါင်းလုံးဝမကိုက်ပေမယ့် ပျို့ချင်အန်ချင်ဖြစ်တာ၊ အန်တာနဲ့ ဝမ်းချုပ်တာစတဲ့ လက္ခဏာတွေ ခံစားရရင် ခေါင်းတစ်ခြမ်းကိုက်ရောဂါလက္ခဏာ ဖြစ်နိုင်ပါတယ်။ဒါ့အပြင် ဖျားနာတာ၊ မူးဝေတာနဲ့ နာကျင်ကိုက်ခဲတာ စတဲ့လက္ခဏာတွေကလည်း ခေါင်းမကိုက်ပေမယ့် ခေါင်းတစ်ခြမ်းကိုက်ရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။

(၉) ခေါင်းတစ်ခြမ်းကိုက်ရောဂါအတွက် ကုသဆေးမရှိပါ

ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်ကို အဆုံးသတ်နိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ ဒီအခြေအနေကို ထိန်းချုပ်နိုင်ဖို့ သင့်ဆရာဝန်နဲ့ တွဲဖက်ကုသမှုခံယူရင်း ဆိုးကျိုးကိုလျှော့ချနိုင်ပါတယ်။ လူအများစုဟာ ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ရပ်တန့်နိုင်ဖို့ ထိရောက်မြန်ဆန်တဲ့ ဆေးဝါးအကူအညီနဲ့ ဘဝနေထိုင်မှုပုံစံ အပြောင်းအလဲ စတာတွေ လိုအပ်ပါတယ်။

(၁၀) တရားထိုင်တာနဲ့ နှိပ်နယ်တာတို့လို တခြားကုထုံးတွေကို သုံးနိုင်ပါတယ်

ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ကုသနိုင်ဖို့ ဆေးသစ်တွေရဲ့ အလုပ်လုပ်ပုံကို သိပ္ပံပညာရှင်တွေက စမ်းသပ်နေကြပါတယ်။ တရားထိုင်ပြီး ဖိစီးမှုလျှော့ချတဲ့နည်း၊ ဦးနှောက်အနီးက နာ့ဗ်ကြောတွေကို လှုံ့ဆော်တဲ့နည်းနဲ့ လည်ပင်း၊ ဦးခေါင်းနဲ့ ကျောရိုးစတာတွေကို ညင်ညင်သာသာ နှိပ်နယ်တဲ့ နည်းဆိုပြီး ကုသနည်းတွေရှိတာကြောင့် ဒီလိုကုထုံးအသစ်တွေနဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါ သက်သာအောင် လုပ်ဆောင်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top