Healthy Life Ad
Health Tips

နံနက်အိပ်ရာနိုးချိန်မှာ အဆိုးဆုံးခံစားရတတ်တဲ့ ဝေဒနာတွေကို ဘယ်လိုကျော်လွှားသင့်သလဲ

—–၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊—–

ချောင်းဆိုးခြင်း

အက်စစ်ဆန်တက်တာကြောင့်ဖြစ်တဲ့ လည်ချောင်းယားယံတဲ့ဝေဒနာဟာ နံနက်စောစောမှာ ချောင်းဆိုးစေနိုင်ပါတယ်။ အိပ်စက်စဉ် လှဲလျောင်းနေတာကြောင့် အစာအိမ်ကနေ အစာရေမျိုပြွန်နဲ့ အပေါ်ပိုင်း အသက်ရှူလမ်းကြောင်းဆီကို အက်စစ်ဆန်တက်စေနိုင်ပါတယ်။ အဲဒီအခါ စပ်ဖျဉ်းဖျဉ်းခံစားရပြီး ချောင်းဆိုးစေနိုင်ပါတယ်။ ဒီလိုမဖြစ်စေဖို့ ညဉ့်နက်ချိန်မှာ အစာများများစားတာကိုရှောင်ပြီး ညနေခင်းမှာ ပေါ့ပါးတဲ့ အစားအသောက်ကို စားပါ။ တချို့ဆေးတွေ၊ ဥပမာ သွေးတိုးကျဆေးတချို့ကြောင့်လည်း နံနက်ခင်းမှာ ချောင်းခြောက်ဆိုးစေနိုင်ပါတယ်။ အဲဒီလိုဖြစ်ရင် တခြားဆေးပြောင်းပေးဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

alignnone size-medium wp-image-54944

ဆေးလိပ်သောက်သူတွေလည်း နံနက်ခင်း ချောင်းဆိုးတတ်ပါတယ်။ တုပ်ကွေး၊ အအေးမိဝေဒနာ၊ ဓာတ်မတည့်မှုနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အချွဲတွေက လည်ချောင်းမှာ စုဆောင်းပြီး နံနက်ခင်း ချောင်းဆိုးတတ်ပါတယ်။ မွှေ့ရာ၊ အိပ်ရာခင်းနဲ့ ကြမ်းခင်းတို့လို အိမ်တွင်းဖုန်မှုန့်မွှားတွေနဲ့ ဓာတ်မတည့်တာကြောင့်လည်း တစ်ညလုံး အချွဲအပိုတွေ စုသောင်းပြီး ချောင်းဆိုးတတ်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါရှိရင်၊ အထူးသဖြင့် ဆောင်းတွင်းကာလမှာ နံနက်ခင်းရောက်တိုင်း ကြာရှည်ချောင်းဆိုးတတ်ပါတယ်။

ဂေါက်အဆစ်ရောင်ရောဂါ

ဗြိတိန်လူမျိုးရှစ်သန်းနီးပါးဟာ ဂေါက်အဆစ်ရောင်ရောဂါ ခံစားနေရပါတယ်။ ဂေါက်အဆစ်ရောင်ရောဂါဖြစ်ရင် နာကျင်မှုနဲ့ ရောင်ရမ်းမှုကို ခံစားရပြီး နံနက်စောစော ဒါမှမဟုတ် ညဉ့်နက်ချိန်မှာ ဂေါက်ရောဂါထစေနိုင်ပါတယ်။ အေးမြလာတဲ့ ညဘက်မှာ အဆစ်ရောင်ရမ်းမှုဖြစ်စဉ် ပိုဆိုးတတ်ပါတယ်။ သဘာဝရောင်ရမ်းမှု လျော့ကျစေတဲ့ဓာတ် အနည်းဆုံးဖြစ်နေတဲ့ နံနက်ခင်းမှာဆိုရင် ဂေါက်အဆစ်ရောင်ရောဂါ လက္ခဏာတွေက ပိုဆိုးစေနိုင်ပါတယ်။ နံနက်ခင်းမှာ ဂေါက်ရောဂါထတာ မဖြစ်စေဖို့ အိပ်ရာမဝင်ခင် ရေတစ်ဖန်ခွက်သောက်ပါ။ ရေဓာတ်ခမ်းခြောက်တဲ့သူတွေက ဂေါက်အဆစ်ရောင်ရောဂါ ပိုဖြစ်စေနိုင်လို့ပါ။ ရေဓာတ်ခမ်းခြောက်တာကြောင့် သွေးထဲမှာ ယူရစ်အက်စစ်ပမာဏ တိုးစေပြီး အဆစ်ထဲမှာ ခရစ္စတယ်တွေ စုပုံလာတတ်ပါတယ်။ အကိုက်အခဲပျောက်ဆေး (NSAIDs) ဟာ နာကျင်ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

alignnone size-medium wp-image-54945
ခေါင်းကိုက်ခြင်း

ခေါင်းကိုက်တဲ့ ဝေဒနာတစ်ဝက်လောက်က နံနက်ခင်းမှာ စဖြစ်တတ်ပါတယ်။ တင်းအားကြောင့် ခေါင်းကိုက်တာဟာ အိပ်ရာကနေတောင် လန့်နိုးစေပါတယ်။ နံနက်လေးနာရီနဲ့ ရှစ်နာရီကြား ခေါင်းကိုက်တာက သဘာဝအကိုက်အခဲပျောက်ဆေးဖြစ်တဲ့ အန်ဒေါ်ဖင်နဲ့ အန်ကဖလင်ဓာတ်တွေ အနည်းဆုံး ဖြစ်နေလို့ပါ။ ဒီအချိန်မှာ သွေးကြောကျုံ့ဆန့်မှုကို ထိန်းချုပ်ပေးတဲ့ အဒရီနယ်လင်က ပမာဏများများ ထွက်ရှိနေပြီး သွေးထောက်ပံ့မှုလျော့နည်းကာ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်စေနိုင်ပါတယ်။ နာတာရှည် အဆုတ်ပွပန်းနာ၊ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တဲ့ရောဂါ စတဲ့ရောဂါတွေကြောင့် နံနက်ခင်းမှာ ခေါင်းကိုက်ဝေဒနာကို အဆိုးဆုံ ခံစားရစေနိုင်ပါတယ်။ နံနက်ခင်းမှာ ခေါင်းကိုက်ဝေဒနာ မရစေဖို့ ညဘက်မှာ အသက်ဝ၀ရှူရှိုက်ရပါမယ်။ ဒါမှသာ ကာဗွန်ဒိုင်အောက်ဆိုက် လျော့နည်းပြီး အောက်ဆီဂျင်တွေ ရှိနေမှာပါ။ အသက်ဝ၀ရှူနိုင်ဖို့ မမြင့်လွန်း/မနိမ့်လွန်းတဲ့ ခေါင်းအုံးနဲ့ သက်သောင့်သက်သာ အိပ်စက်ပါ။

alignnone size-medium wp-image-54946
စိတ်ဓာတ်ကျခြင်း

စိတ်ဓာတ်ကျတဲ့ သူတွေအနေနဲ့ ပူပင်သောကနဲ့ နိုးထလာတတ်တဲ့အတွက် နံနက်ခင်းမှာ မလှုပ်ချင်၊ မကိုင်ချင်လောက်အောင် စိတ်ဓာတ်ကျနေတတ်ပါတယ်။ အကြောင်းက နံနက်ခင်းမှာ စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောအဆင့် မြင့်တက်နေတာကြောင့်ပါ။ ကော်တီစောဟာ အိပ်ရာကထပြီး လှုပ်ရှားဖို့ တိုက်တွန်းပေမယ့် စိတ်ဓာတ်ကျနေသူအဖို့ ကော်တီစောဟော်မုန်းကြောင့် ပိုမိုစိတ်ဖိစီးမှု ဖြစ်ရတတ်ပါတယ်။ သက်သာရာရစေဖို့ အိပ်ရာထဲကထပြီး ခန္ဓာကိုယ်ဇီဝနရီအတိုင်း လုပ်ဆောင်သင့်ပါတယ်။

alignnone size-medium wp-image-54947
လည်ချောင်းနာခြင်း

ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားပိုးဝင်တာကြောင့် လည်ချောင်းနာတဲ့ ဝေဒနာက အိပ်ရာထချိန်မှာ အဆိုးဆုံးပါပဲ။ အကြောင်းက အိပ်ရာနိုးချိန်မှာ လည်ချောင်းက ခြောက်သွေ့လွန်းပြီး ပါးစပ်နဲ့ အသက်ရှူလမ်းကြောင်းရှိ နူးညံ့တဲ့ အချွဲမြှေးတွေ ခြောက်သွေ့နေတာကြောင့် ဖြစ်ရတာပါ။အိပ်ခန်းထဲက လေတွေပူတာ၊ အေးတာကြောင့်လည်း လည်ချောင်းနာတတ်ပါတယ်။ နှာခေါင်းပိတ်လို့ ပါးစပ်နဲ့ အသက်ရှူရင်လည်း ခံတွင်းခြောက်ပြီး လည်ချောင်းနာတတ်ပါတယ်။ အိပ်ခန်းထဲမှာ အပူချိန် လျှော့ချပါ။ လေထုစိုထိုင်းစေတဲ့ စက်သုံးကာ လေတွေစိုစွတ်နေအောင် ကြိုးစားပါ။ နှာခေါင်းပိတ်နေရင် ဆားရေနွေးငွေ့ကိုရှူပြီး အချွဲမြှေးတွေကင်းအောင် လုပ်ပါ။ ဆေးလိပ်သောက်တာနဲ့ ဟောက်လွန်းတာကြောင့်လည်း နံနက်ခင်းမှာ လည်ချောင်းနာတတ်ပါတယ်။ ရေတစ်ဖန်ခွက်ကို ငုံပြီး လည်ချောင်းစိုပြည်အောင် လုပ်ဆောင်ပါ။ ပျားရည်ထည့်ထားတဲ့ ရေနွေးသောက်ရင်လည်း သက်သာပါတယ်။

နားအူခြင်း

နားအူတာက နံနက်ခင်းမှာ အဆိုးဆုံးခံစားရတဲ့ ဝေဒနာပါ။ ဦးနှောက်ဆဲလ် လုပ်ဆောင်မှုကို မထိန်းချုပ်နိုင်တာက နားအူစေတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ ဦးနှောက်လုပ်ဆောင်မှု မြင့်မားတဲ့ နံနက်ခင်းမှာ နားအူတဲ့ ဝေဒနာအဆိုးဆုံး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အိပ်ရာကထပြီး လှုပ်ရှားမှုလုပ်လိုက်ရင် ဝေဒနာသက်သာသွားပါတယ်။ ဒါ့အပြင် နံနက်ခင်းမှာ ဆူညံသံတွေ ကြားရတာကြောင့်လည်း နားအူတတ်ပါတယ်။

alignnone size-medium wp-image-54948
ခါးနာခြင်း

လူသုံးဦးမှာ တစ်ဦးနှုန်းဟာ နံနက်ခင်းဆိုရင် ခါးနဲ့လည်ပင်း နာတတ်ပါတယ်။ အိပ်တဲ့မွေ့ရာ ပျော့လွန်းတာနဲ့ ကိုယ်နေဟန်ထား မမှန်တာကြောင့် ခါးနဲ့လည်ပင်း နာတတ်ပါတယ်။ မမာလွန်း၊ မပျော့လွန်းတဲ့မွေ့ရာကို လဲလှယ်ပြီး အိပ်စက်တာကြောင့် ခါးနာသက်သာစေပါတယ်။ အရိုးအဆစ်ရောင်ရောဂါ ရှိသူတွေအနေနဲ့ နံနက်ခင်းမှာ ခါးနာဝေဒနာ ဆိုးဆိုးဝါးဝါး ခံစားရတတ်ပါတယ်။ ရောင်ရမ်းမှုကျစေတဲ့ ဆေးသောက်ပါ။

Most Popular

Healthy Life Ad
To Top