Healthy Life Ad
Life Style

သင့်ကိုယ်လုံးနဲ့ လိုက်ဖက်တဲ့ အဝတ်အစား ရွေးဝတ်ရအောင်(၁)

၊ ငွေကြယ်စင်ယံ ၊

သင့်ကိုယ်လုံးနဲ့ လိုက်ဖက်အောင်ဝတ်တတ်ရင် ပိုကြည့်ကောင်းတဲ့ အလှတရားကိုပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ တြိဂံပုံကိုယ်လုံးပိုင်ရှင်တွေအတွက် ဖော်ပြလိုက်ပါတယ်။

– တြိဂံပုံကိုယ်လုံး

တြိဂံပုံကိုယ်လုံးဆိုတာ ရင်ဘတ်နေရာမှာကျဉ်းပြီး ခါးအတိုင်းအတာက အချိုးကျသူပါ။ ရင်သားက တင်ပါးနဲ့ပေါင်စတဲ့ ခန္ဓာကိုယ်အောက် ပိုင်းနဲ့ယှဉ်ရင် ပိုသေးငယ်ပါတယ်။ ပြောရရင် ပခုံးကျဉ်းပြီး တင်ကားသူပါ။

တြိဂံပုံကိုယ်လုံးတွေက ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် ဘယ်လိုဝတ်သင့်သလဲ

ရည်ရွယ်ချက်။ ။ ပခုံးကျယ်ပြီး ခါးအလှကိုထင်ရှားစေမယ့် ကိုယ်နေဟန်ဖြစ်အောင် ဝတ်ရပါမယ်။

အင်္ကျီအရောင်တောက်တောက် ရွေးဝတ်သင့်ပါတယ်။ အင်္ကျီ၊ အနွေးထည်ရဲ့ အရှည်က တင်ပါးရဲ့ အကျယ်ဆုံးနေရာအထက် ဒါမှမဟုတ် အကျယ်ဆုံးနေရာအောက်ဖြစ်ရပါမယ်။

လည်ပင်းပုံက အင်္ဂလိပ်အက္ခရာ “V’’ပုံ၊ နှလုံးပုံ၊ လေးထောင့်ပုံနဲ့ လှေပုံဖြစ်သင့်ပါတယ်။

ကြီးမားတဲ့ လက်ဝတ်လက်စားတွေက ခန္ဓာကိုယ်အပေါ်ပိုင်းကို ပိုကြီးမားသယောင်ထင်ရစေပါတယ်။

ခါးပတ်ပြားကြီးကြီးပတ်ပါ။

ခါးသေးသွယ်တာကို ပေါ်လွင်စေတဲ့ ဝတ်စုံဝတ်ပါ။

ကုတ်အင်္ကျီနဲ့ဂျက်ကတ်အင်္ကျီတွေက ဒူးအထက် ဒါမှမဟုတ် ဒူးအောက်နားအထိဖြစ်ပြီး အနေတော်ဖြစ်သင့်ပါတယ်။

တြိဂံပုံကိုယ်လုံးတွေ ဘယ်လိုမဝတ်သင့်ဘူးလဲ

အရောင်ရင့်တဲ့ ဘလောက်စ်အင်္ကျီ ရှောင်သင့်ပါတယ်။

အပေါ်ပိုင်းကို ကျပ်လွန်းတဲ့အဝတ်အစား မဝတ်သင့်ပါဘူး။

တစ်ဖြောင့်တည်းချုပ်ထားတဲ့ ဝတ်စုံမျိုးရှောင်ပါ။

တြိဂံပုံကိုယ်လုံးတွေက ခန္ဓာကိုယ်အောက်ပိုင်းအတွက် ဘယ်လိုဝတ်သင့်သလဲ

ရည်ရွယ်ချက်။ ။ ခန္ဓာကိုယ်အောက်ပိုင်းကို ပိုသေးသယောင် ထင်ရအောင် ဝတ်ရပါမယ်။

အရောင်ရင့်တဲ့ စကပ်၊ ဘောင်းဘီ၊ လုံချည်ဝတ်ပါ။

တစ်ဖြောင့်တည်း ချုပ်ထားတဲ့ စတိုင်ဘောင်းဘီ၊ ဂျင်း ဘောင်းဘီတွေကို ဝတ်ပါ။

“A Line’’ စကပ်ကို ဝတ်ပါ။ စကပ်အရှည်က ဒူးအောက်နားမှာ ဆုံးသင့်ပါတယ်။

ဘယ်လို မဝတ်သင့်ဘူးလဲ

အိတ်ကပ်များများ ပါတဲ့စကပ်၊ ဘောင်းဘီရှောင်ပါ။

ကျပ်လွန်းတဲ့ ဘောင်းဘီ၊ အရောင်ဖျော့ဘောင်းဘီရှောင်ပါ။

ကျပ်လွန်းပြီး ခါးပေါ်တက်လွန်းတဲ့ စကပ်ရှောင်ပါ။

ကန့်လန့်ဖြတ်အစင်းတွေပါတဲ့ စကပ်ရှောင်ပါ။

ဖိနပ်

ခြေတံတွေ ရှည်လျားသွယ်လျသယောင် ဖြစ်စေမယ့် ဖိနပ်စီးရပါမယ်။ ဒေါင့်မြင့်ဖိနပ်၊ ရှေ့ချွန်ဒေါက်ဖိနပ်၊ ဒေါက်မြင့် လေဒီရှူး စတာတွေကိုစီးရပါမယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top