Healthy Life Ad
Life Style

ပင်ပန်းနွမ်းနယ်နေသော အသားအရေအား ပန်းသီးဖြင့် ပေါင်းတင်နည်း

၊ လရိပ်မေ ၊

သင့်အသားအရေက နွမ်းနယ်ပင်ပန်းပြီး အိုစာနေရင်ပန်းသီးနဲ့ပျားရည်ရောပြီး ပေါင်းတင်ပေးပါ။ ပန်းသီးမှာ ဗီတာမင်အေ၊ ဘီနဲ့စီတို့ ပါဝင်တာကြောင့် အရေပြားကအဲဒီအင်တီအောက်ဆီးဒင့်တွေ ကို ပိုမိုစုပ်ယူနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှုကိုသက်သာလျော့ပါး စေပါတယ်။ ပန်းသီးမှာ ဂလိုင်ကိုးလစ်အက်စစ် လည်းပါဝင်တဲ့အတွက် အသားအရေကို ကြေး ချွတ်နိုင်စွမ်းရှိပြီး မွေးညင်းပေါက်တွေကို သန့်စင်စေပါတယ်။

ပျားရည်မှာ ဘက်တီးရီးယားဆန့်ကျင်ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်အစွမ်း ရှိပါတယ်။ ပျားရည်ဟာ အရေပြားရှိဘက်တီးရီးယားတွေကို ကင်းစင်စေပြီး အစိုဓာတ်ကိုထိန်းပေးနိုင်ပါတယ်။ ဒါ့အပြင် ပျားရည်မှာပါဝင်တဲ့ အင်တီအောက်ဆီး ဒင့်တွေက ပြင်ပပတ်ဝန်းကျင်ရှိ ဖရီးရယ်ဒီကယ် တွေကြောင့် အရေပြားထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ပါဝင်ပစ္စည်းများ

(၁) ပန်းသီးတစ်လုံး

(၂) ပျားရည်လက်ဖက်စားဇွန်းတစ်ဇွန်း

ပြုလုပ်နည်း

ပန်းသီးကို အခွံခွာပြီး ပါးပါးလှီးကာ မွှေစက်ထဲထည့်မွှေပါ။ ပြီးရင် ပျားရည်ထမင်းစားဇွန်း နှစ်ဇွန်း ရောမွှေပေးပါ။ အဲဒီအရောအနှောကို သင့်မျက်နှာပေါ် လိမ်းပေးပါ။ မျက်ဝန်းတစ်ဝိုက်ကို ရှောင်ပါ။ အချိန် ၁၀-၁၅ မိနစ်ကြာမှကြက်သီး နွေးရေနဲ့ ဆေးကြောသန့်စင်လိုက်ပါ။ အသား အရေတင်းရင်းစိုပြည်လာတာကို မြင်တွေ့ရပါလိမ့်မယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top