Healthy Life Ad
Q & A

၀မ်းဗိုက်မှာ Six-Pack ရအောင် အထောက်အကူ ပြုမယ့်အစာ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

မေး. ကျွန်တော်က ဝမ်းဗိုက်မှာ Six-Pack ရအောင် ကြိုးစားနေပါတယ်။ လေ့ကျင့်ခန်းကိုလည်း Gym မှာ ကစားဖြစ်ပါတယ်။ အဲဒါ အစားအသောက်ကိုတော့ ဘယ်လို စားပေးရင် အကူအညီဖြစ်မလဲ သိချင်လို့ပါခင်ဗျ။
အောင်နေမင်း (FB)

ဖြေ. လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေ အဓိက စားသင့်တာက ပရိုတင်းဓာတ်ပါတဲ့ အသားတွေကို စားပေးသင့်တာပဲ ဖြစ်ပါတယ်။ အသားစားမယ်ဆိုရင် အဆီမပါတဲ့ အသားကို စားပေးသင့်ပါတယ်။ ဥပမာ အမဲသား၊ ဆိတ်သား စတာတွေကို စားပေးသင့်ပါတယ်။ ဒါပေမဲ့ ဝက်သားကိုတော့ အဆီပါတဲ့အတွက် ရှောင်သင့်ပါတယ်။ အဖြူရောင် အသားအနေနဲ့ ကြက်သားနဲ့ ငါးကိုစားပေးသင့်ပါတယ်။ နောက်တစ်ခုက ကြက်ဥ၊ ဘဲဥစားပေးရင်လည်း ပရိုတင်းဓာတ် ရရှိစေပါတယ်။ ကြက်ဥတစ်လုံးဆိုရင် ပရိုတင်းက ၆ ဂရမ် ပါဝင်ပါတယ်။

ကိုယ်အလေးချိန် ၇၀ kg (၁၅၄ ပေါင်) ရှိတဲ့ သူတစ်ယောက်က ပရိုတင်းကို ၇၀ ဂရမ်လောက်ရအောင် စားပေးသင့်ပါတယ်။ အသား ၁၀ သားကို ပရိုတင်းဓာတ်က ၂၀ ဂရမ်လောက် ပါဝင်တဲ့အတွက် တစ်ရက်မှာ အသား ၃၅ ကျပ်သားလောက်ရအောင် စားပေးသင့်ပါတယ်။ တကယ်လို့ အသားကို အဲဒီပမာဏလောက် မစားနိုင်ဘူးဆိုရင်တော့ အသားကို ၂၀ ကျပ်သားလောက် စားပေးပြီး တစ်ရက်မှာ ကြက် ဥ/ဘဲဥ လေးလုံးလောက် စားပေးဖို့ လိုပါတယ်။ ကြက်ဥ/ဘဲဥကို တစ်လုံးပဲ အစိမ်းစားပေးသင့်ပါတယ်။ ကျန်တဲ့ သုံးလုံးကို အကာကျက်လေး ပြုတ်စားချင်ရင် စားပါ၊ ဒါမှမဟုတ် လုံးဝကျက်တဲ့အထိ ပြုတ်စားချင်ရင် စားနိုင်ပါတယ်။ အဲဒီလောက် ပမာဏအထိ ပရိုတင်း မစားဖြစ်ဘူးဆိုရင် ပရိုတင်းပါတဲ့ အမှုန့် (Protein Powder) ကို သောက်ပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top