Healthy Life Ad
Health Tips

ကြက်သွန်နီ၏ အံ့ဖွယ်အသုံးဝင်ပုံများ

၊ ငွေကြယ်စင်ယံ ၊

အင်တီအောက်ဆီးဒင့်ပါဝင်မှုများတဲ့ ကြက်သွန်နီက ကင်ဆာရောဂါ၊ ဆီးချိုသွေးချိုရောဂါနဲ့ အအေးမိဝေဒနာတွေကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကြက်သွန်နီမှာ
တခြားထူးခြားတဲ့ အသုံးဝင်မှုတွေလည်း ရှိနေပြန်ပါတယ်။

(၁) အင်းဆက်ကို ပြေးစေပါတယ်
အရေပြားမှာ ကြက်သွန်နီပါးပါး ပွတ်လိမ်းပေးရင် အင်းဆက်ပိုးမွှားတွေကို ပြေးစေပါတယ်။

(၂) အင်းဆက်ပိုးမွှားကိုက်တဲ့ ဒဏ်ရာကို သက်သာစေပါတယ်
ကြက်သွန်နီပါးပါးကို အင်းဆိုက်ပိုးမွှားကိုက်တဲ့ ဒဏ်ရာပေါ် ပွတ်လိမ်းပေးတာကြောင့် နာကျင်မှုသက်သာစေ ပါတယ်။

(၃) လည်ချောင်းနာ ဝေဒနာ သက်သာစေပါတယ်
ကြက်သွန်နီ ရေနွေးကြမ်းသောက်တာကြောင့် လည်ချောင်းနာဝေဒနာ သက်သာစေပါတယ်။ ပြုလုပ်နည်းမှာ ရေတစ်ခွက်ထဲ ကြက်သွန်နီတစ်ခြမ်းထည့်ကာ ပြုတ်ပါ။ဆူလာရင်
ကြက်သွန်နီဖယ်ပြီး အအေးခံကာသောက်ပါ။

(၄) အလုပ်ပင်ပန်းပြီး ခေါင်းမူးတဲ့ ဝေဒနာသက်သာစေပါတယ်
အလုပ်ပင်ပန်းပြီး ခေါင်းမူးခေါင်းကိုက်ဖြစ်နေရင် ကြက်သွန်နီနဲ့ ချက်ထားတဲ့ဟင်းလျာစားလိုက်ပါ။

(၅) အပူလောင်ရာ သက်သာစေပါတယ်
အပူလောင်တဲ့နေရာပေါ် ကြက်သွန်နီ ပါးပါး လှီးပြီးပွတ်ပေးတာကြောင့် နာကျင်မှုသက်သာစေပါတယ်။

(၆) သတ္တုတွေကို တောက်ပြောင်စေပါတယ်
ကြက်သွန်နီ ပါးပါးလှီးပြီး ရေထဲစိမ်လိုက်ပါ။ အဲဒီရေထဲ အဝတ်စနှစ်ပြီး သတ္တုမျက်နှာပြင်ကို ပွတ်တိုက်ပေးပါ။ သန့်ပြီး ကြည်လင်သွားတဲ့အထိ တိုက်ပေးပါ။

(၇) အကင်တွေပေါ်က မီးတူးတာကို ရှင်းပစ်နိုင်ပါတယ်
ကြက်သွန်နီကို ထက်ခြမ်းလှီးပြီး ခက်ရင်းနဲ့ ထိုးကာ အကင်တွေပေါ်က မီးတူးရာတွေကို ခြစ်ပေးလိုက်ရင် အကင်စာက ပိုစားလို့ ကောင်းသွားပါတယ်။

(၈) ထမင်းတူးသွားတာကို စုပ်ယူသွားပါလိမ့်မယ်
ထမင်းအိုးတည်ရင်း တူးသွားရင် မပစ်လိုက်ပါနဲ့။ ထမင်းပေါ်မှာ ကြက်သွန်နီထက်ခြမ်းစိတ် ထည့်ထားလိုက်ပါ။ မီးတူးတဲ့ အရသာနဲ့ မီးတူးနံ့ကို စုပ်ယူသွားပါလိမ့်မယ်

(၉) ထောပတ်သီး ကြာကြာ အထားခံပါတယ်
ထောပတ်သီး ညိုမသွားအောင် ထောပတ်သီးထည့်ထားတဲ့နေရာမှာ ကြက်သွန်နီကို ပလတ်စတစ်အိတ်ထဲ လုံအောင်သေချာပိတ်ပြီး ထားလိုက်ပါ။

(၁၀) ကြက်ဥကြော်ချက်ရာမှာပိုအရသာ ရှိစေပါတယ်
ကြက်သွန်နီပါးပါးလှီးထည့်ပြီး ကြက်ဥ၊ဘဲဥကြော်ချက်ရင်အရသာပိုရှိကာထူးကဲတဲဟင်းလျာဖြစ်သွားစေပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top