Healthy Life Ad
Health Tips

နာတာရှည်ရောဂါများ ကင်းဝေးစေမည့် စားသောက်နည်း

၊ ငွေကြယ်စင်ယံ ၊

သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါ စတဲ့ နာတာရှည်ရောဂါတွေဖြစ်နှုန်း လျော့ကျစေမယ့် စားသောက်နည်းတွေရှိပါတယ်။

– အပင်ထွက်အစာများများ စားပါ

အစားအသောက်မှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံများများ စားသင့်ပါတယ်။ထမင်းစားပြီးတိုင်း၊ စားပြီးတိုင်း အသီးတစ်မျိုး၊ နှစ်မျိုးလောက် စားပေးနိုင်ရင် ကောင်းပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာပေါတဲ့ စပျစ်သီး၊ ကျွဲကော်သီး၊ ဖရဲသီး၊ ပန်းသီးစတာတွေ စားပေးသင့်ပါတယ်။

– အခွံမာသီးနှင့် အစေ့အဆန် စားပါ

ကျန်းမာနုပျိုစွာအသက်ရှည်ဖို့ဆိုရင် အခွံမာတဲ့ အစေ့အဆန်(ဥပမာ-သစ်ကြားသီး၊ သီဟိုဠ်စေ့) စတာတွေကို စားဖို့လိုပါတယ်။ကစီဓာတ်နဲ့အချိုဓာတ်ပါဝင်တဲ့ အစားအသောက်တွေကို လျှော့သင့်ပါတယ်။ ပြီးတော့ စားအုံး ဆီကိုရှောင်သင့်ပြီး ထောပတ်၊ အုန်းနို့နဲ့ လုပ်ထားတဲ့ အစားအသောက်တွေကို လျှော့စားရပါမယ်။ အထူးသဖြင့် ကိုယ်စားတဲ့ အစားအသောက်တွေထဲမှာ ဘာတွေပါဝင်နေသလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ ကိုယ်မသိဘဲနဲ့ အစားအသောက်ထဲမှာ အဆီတွေက ပါနေတတ်ပါတယ်။ ဥပမာ- အာလူးကြော်၊ ဘူးသီးကြော်၊ နှစ်ပြန်ကြော် စတဲ့ဆီကြော်စာတွေထဲမှာလည်း အဆီတွေက အများကြီးပါတယ်။

– အချိုရည်ရှောင်ပါ

အချိုရည် ပုလင်းတွေ၊ စည်သွပ်ဘူးတွေ၊Fast Food လို့ ခေါ်တဲ့ အဆင်သင့် အစားအသောက်တွေ ဖြစ်ပါတယ်။ ဒါတွေကို အထူးသဖြင့် ကလေးဘဝမှာကတည်းက မစားဖို့ ပညာပေးရပါမယ်။

– အရက်လျှော့သောက်ပါ၊ ဆေးလိပ်ဖြတ်ပါ

အရက်ကို မသောက်တာ အကောင်းဆုံးပါ။ မသောက်ရ မနေနိုင်ရင်အရက်ကို အသင့်အတင့်ပဲ သောက်သင့်ပါတယ်။ဆေးလိပ်ကို ဖြတ်သင့်ပါတယ်။

မှတ်ချက်
နာတာရှည် ရောဂါဝေဒနာ ကင်းဝေးစေဖို့ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ တစ်နေ့ မိနစ် ၃၀နဲ့ တစ်ပတ်မှာ ငါးရက်လောက် လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top