Healthy Life Ad
Q & A

ပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာ

မေး။ ။ ညီမ အသက် ၂၆နှစ်ပါ။ ညီမ အခုတလောမှာ တစ်ပတ်ပြည့်တော့မှာပါ။ ခေါင်းအရမ်းကိုက်ပါတယ်။ ဆရာဝန်ကတော့ အဖျားရှိလို့ခေါင်းကိုက်တာလို့ပြောပေမယ့် လက်သီးနဲ့ ထိုးခံရသလိုမျိုးကိုက်တာပါ။

ဟေနွယ်မွန် (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ လောလောဆယ် ဖျားနေတယ်လို့ ထင်ပါတယ်။ ဖျားနိုင်တဲ့အကြောင်းရင်းတွေ အများကြီးရှိသလို ခေါင်းကိုက်ရတဲ့ အကြောင်းတွေလည်း အများကြီးရှိပါတယ်။ ဖျားတာကြောင့်လည်း ခေါင်းကိုက်တတ်ပါတယ်။ ဘာ့ကြောင့်ဖျားတာလဲဆိုတာ သိဖို့လိုပါတယ်။ အဖျားကို သေသေချာချာကုပြီးချိန်အထိ ခေါင်းကိုက်နေရင်တော့ သေသေချာချာ စစ်ဆေးကုသဖို့ လိုပါတယ်။ အများအားဖြင့် တော်ရုံခေါင်းကိုက်တာက ရက်ပိုင်းအတွင်း သက်သာသွားလေ့ရှိပါ တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top