Healthy Life Ad
Health Tips

အိပ်တဲ့အခါ ခေါင်းအုံးအဆင်မပြေရင် ကျန်းမာရေးပြဿနာ (၇) ရပ်ကို ဖြစ်စေနိုင်ပါတယ်

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ညတိုင်းညတိုင်း အိပ်စက်အနားယူတဲ့အခါ ခေါင်းအုံးတစ်လုံးပေါ်မှာ အိပ်လေ့ရှိကြပါတယ်။ ကိုယ်ရွေးချယ်တဲ့ ခေါင်းအုံးအမျိုးအစားပေါ် မူတည်ပြီး အိပ်စက်မှုအရည်အသွေးသာမက အထွေထွေကျန်းမာရေးကိုပါ သက်ရောက်မှုရှိစေတယ်လို့ပြောရင် ယုံတောင်ယုံမယ်မထင်ပါဘူး။ အဆင်မပြေတဲ့ ခေါင်းအုံးကို ရွေးချယ်မိတဲ့အတွက် ဖြစ်ရတဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို သုတေသီတွေက အခုလို ပြောပြထားပါတယ်။

alignnone size-medium wp-image-56459
(၁) လည်ပင်းနာနိုင်ပါတယ်

အိပ်တဲ့အခါ ခေါင်းအုံးကမာပြီး မြင့်နေရင် ခေါင်းကိုအကြာကြီး ကွေးထားတဲ့အတွက် မသက်မသာဝေဒနာ ဖြစ်တတ်ပါတယ်။ နိုးလာတဲ့အခါ လည်ပင်းနာနေနိုင်တာပါ။ ခေါင်းအုံးက ပျော့လွန်းရင်လည်း လည်ပင်းနာတတ်ပါတယ်။ ဥပမာပြောရရင် ဘေးတစောင်းအိပ်တဲ့အခါ လည်ပင်းကို လုံလောက်တဲ့ ပံ့ပိုးမှုပေးနိုင်ဖို့ အနည်းငယ်မာတဲ့ ခေါင်းအုံးကို ရွေးချယ်သင့်ပါတယ်။ မှောက်အိပ်ရင် ပိုနူးညံ့ပျော့ပျောင်းတဲ့ခေါင်းအုံး ရွေးသင့်ပါတယ်။ ပက်လက်လှန်အိပ်ရင် တင်းမာတဲ့ ခေါင်းအုံးကို လုံးဝမရွေးသင့်ပါဘူး။

alignnone size-medium wp-image-56460
(၂) ခါးနာဝေဒနာ ရနိုင်ပါတယ်

ဦးခေါင်း၊ လည်ပင်းနဲ့ ပခုံးတွေကို ခေါင်းအုံးက ထောက်ပံ့ပေးတဲ့ အနေအထားက သင့်ခါးအပေါ် သက်ရောက်မှုရှိပါတယ်။ အိပ်စက်ချိန်အတောအတွင်း အနေအထားမမှန်တဲ့ ခန္ဓာကိုယ်ပုံသဏ္ဍာန်ရှိတာက ခါးနာဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။ ဥပမာပြောရရင် မှောက်အိပ်တဲ့အခါ ခပ်ပြားပြားခေါင်းအုံးမှ အဆင်ပြေပါလိမ့်မယ်။ ဘေးတစောင်းအိပ်ရင်တော့ လည်ပင်းနဲ့ကျောရိုးကို တတန်းတည်းဖြစ်စေမယ့် ခေါင်းအုံးအမြင့်မျိုး ဖြစ်သင့်ပါတယ်။ ပက်လက်လှန်အိပ်ရင် လည်ပင်းရဲ့ သဘာဝအကွေးအတိုင်း ပံ့ပိုးပေးမယ့် ခေါင်းအုံးမျိုး ရွေးချယ်သင့်ပါတယ်။

alignnone size-medium wp-image-56461
(၃) ခေါင်းကိုက်တတ်ပါတယ်

အဆင်မပြေတဲ့ ခေါင်းအုံးပေါ် အိပ်တာကြောင့် ခေါင်းကိုက်စေနိုင်ပါတယ်။ ခေါင်းအုံးက သင့်ကို သင့်တော်တဲ့ ပံ့ပိုးထောက်ပံ့မှုမပေးရင် အိပ်တဲ့အခါ လည်ပင်းက မသက်မသာ အနေအထားမှာပဲ ရှိနေမှာပါ။ ဒါက လည်ပင်းကို ဒဏ်ဖြစ်စေရာမှ ခေါင်းကိုက်ဝေဒနာ ရတတ်ပါတယ်။

alignnone size-medium wp-image-56462
(၄) ဓာတ်မတည့်တုံ့ပြန်မှုဝေဒနာ ဖြစ်တတ်ပါတယ်

အိပ်မပျော်နိုင်တာ၊ မျက်စိယားတာနဲ့ ခေါင်းကိုက်တာတို့အပြင် နောက်တစ်နေ့မှာ နှာချေတာနဲ့ ပင်ပန်းတာတို့ ဖြစ်နေရင် ခေါင်းအုံးကို ဆန်းစစ်ကြည့်လိုက်ပါ။ ခေါင်းအုံးစွပ်ကို ပုံမှန်လျှော်ဖွပ်မသန့်စင်ရင် ဓာတ်မတည့်တဲ့ ဝေဒနာရတတ်ပါတယ်။ လက္ခဏာအနေနဲ့ အရေပြားယားယံတာ၊ အနီပြင်ထွက်တာနဲ့ နှာချေ/နှာစေးဝေဒနာတို့ ဖြစ်တတ်ပါတယ်။

alignnone size-medium wp-image-56463
(၅) အိပ်ရေးပျက်စေနိုင်ပါတယ်

ခေါင်းအုံးအဆင်မပြေတဲ့အတွက် လည်ပင်းနာတာ ဒါမှမဟုတ် ဓာတ်မတည့်တဲ့ ဝေဒနာတွေဖြစ်တာတွေက အိပ်ရေးပျက်စေနိုင်ပါတယ်၊ အိပ်စက်မှု အရည်အသွေးကိုလည်း ကောင်းကောင်းမရစေပါဘူး။ ကြာရှည်အိပ်ရေးပျက်တဲ့အခါ တွေးခေါ်နိုင်စွမ်း ထိခိုက်ရာကနေ ဆီးချိုသွေးချိုရောဂါ၊ အဝလွန်ခြင်းနဲ့ သွေးတိုးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

alignnone size-medium wp-image-56464
(၆) အရေပြားပြဿနာ ဖြစ်စေနိုင်ပါတယ်

မှောက်လျက်အိပ်တာနဲ့ ဘေးတစောင်းအိပ်တာတွေက ခေါင်းအုံးစွပ်နဲ့ မျက်နှာကို ထိတွေ့မှုများစေပါတယ်။ မျက်နှာဘက်တီးရီးယား၊ အညစ်အကြေးနဲ့ အဆီတွေက ခေါင်းအုံးစွပ်မှာ ကပ်ငြိရင်း ပြန်အုံးတဲ့အခါ အရေပြား မသက်မသာဖြစ်ကာ ဝက်ခြံအဖုအပိမ့်တွေ ထစေနိုင်ပါတယ်။ ဒါကိုဖြေရှင်းဖို့ နည်းလမ်းနှစ်ခုရှိပါတယ်။ တစ်ခုက ခေါင်းအုံးစွပ်ကို ပုံမှန်လဲပေးဖို့ပါပဲ။ နောက်တစ်ခုက ခေါင်းအုံးစွပ်နဲ့ မျက်နှာမထိအောင် အိပ်တဲ့အနေအထား ပြင်ဖို့ပဲဖြစ်ပါတယ်။

alignnone size-medium wp-image-56465
(၇) ဟောက်သံထွက်နိုင်ပါတယ်

မသက်မသာဖြစ်စေနိုင်တဲ့ ခေါင်းအုံး ဒါမှမဟုတ် မာတဲ့ခေါင်းအုံးက ဦးခေါင်းကို ရှေ့ဘက်တွန်းထုတ်သလို ဖြစ်စေပြီး ဟောက်စေနိုင်ပါတယ်။ ဖုန်မှုန့်တွေနဲ့ ဓာတ်မတည့်မှုရှိရင် နှာခေါင်းနဲ့လည်ချောင်းထဲ ရောင်ရမ်းမှုက အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေနိုင်ပြီး ဟောက်သံထွက်စေနိုင်ပါတယ်။

 

Healthy Life media မှတင်ဆက်ပေးနေသာ Video များကို အောက်ပါ You Tube Channel တွင်ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း
သတင်းကောင်းပါးအပ်ပါသည်။ Video အသစ်တွေ တင်တိုင်း လက်မလွတ်စေဖို့ ဘေးနားက ခေါင်းလောင်းလေးကိုပါ တစ်ခါထဲ နှိပ်ထားဖို့ အကြံပြုလိုက်ပါတယ်။

Most Popular

Healthy Life Ad
To Top