Healthy Life Ad
Health Tips

ဆီးကျောက်တည်တဲ့အချိန် သတိပြုသင့်သည့် အစားအသောက်

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် ၊ (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)
ဆီးကျောက်တည်တဲ့နေရာမှာ ဖြစ်ရတဲ့ အကြောင်းရင်းတွေက လူတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တချို့သူတွေက ဗီတာမင်အေနဲ့ စီများပြီး ဆီးကျောက်တည်တာ ရှိပါတယ်။

တချို့သူတွေကျတော့ ကယ်လ်ဆီယမ်များပြီး ဆီးကျောက်တည်တာရှိသလို တချို့လူတွေကျတော့ ဖော့စ်ဖိတ်ကြောင့် ဆီးကျောက်တည်တာ ရှိပါတယ်။

ကယ်လ်ဆီယမ်ဆီးကျောက်ဖြစ်လျှင်
အဲဒီအထဲမှာမှ ကယ်လ်ဆီယမ်ဆီးကျောက်ဖြစ်တဲ့သူဆိုရင် နွားနို့ လျှော့သောက်ရပါမယ်။

ဗီတာမင်အေနှင့် စီများပြီး ဆီးကျောက်တည်လျှင်
ဗီတာမင်အေနဲ့ စီများလို့ဖြစ်ရင် အဲဒီဓာတ်တွေပါတဲ့ အစားအသောက်ကို နည်းနည်းလျှော့စားရပါမယ်။ ဆိုလိုတာက လူနာက ဘယ်လိုဆီးကျောက် အမျိုးအစားဖြစ်သလဲဆိုတဲ့ အပေါ်မူတည်ပြီး စားသောက်ရမယ့် အစားအသောက်က ကွဲပြားသွားပါတယ်။
မြန်မာနိုင်ငံမှာ အများဆုံး ဖြစ်နေတာက ကယ်လ်ဆီယမ်အောက်ဇဲလိတ် ဆီးကျောက်နဲ့ ဖော့စ်ဖိတ်ဆီးကျောက်တို့ပဲ ဖြစ်ပါတယ်။ အဲဒီလူနာတွေက သံပရာရည်သောက်လို့ရလားလို့ အမေးများပါတယ်။ သောက်လို့ရပါတယ်။

ဗီတာမင်စီနဲ့ အေ စားတာများပြီး ဆီးကျောက်ဖြစ်တဲ့ လူနာတစ်ယောက်ကို တွေ့ဖူးပါတယ်။ သူက ဗီတာမင်စီနဲ့အေပါတဲ့ ဟင်းသီးဟင်းရွက်တွေကို တအားစားတယ်၊ ပြီးတော့ ဆီးကျောက်ဖြစ်ချင်တဲ့ အခြေအနေကလည်း ရှိတယ် . . အဲဒီအတွက် မကြာခဏ ပြန်ဖြစ်နေပါတယ်။ အဲဒီအခါ သူ့ကို ဗီတာမင်အေနဲ့စီကို လျှော့စားဖို့ ညွှန်ရပါတယ်။

ကိုယ်ဖြစ်နေတဲ့ ဆီးကျောက်က ဘာအမျိုးအစားလဲဆိုတာ ပေါ်မူတည်ပြီး ဆင်ခြင်ရမယ့် အစားအသောက်တွေကလည်း ကွဲပြားသွားမှာ ဖြစ်ပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top