Healthy Life Ad
Q & A

မျက်လုံးထဲ ကျောက်တည်တာ ဘာကြောင့်လဲ . .

မေး ။ မျက်လုံးထဲ ကျောက်တည်တာ ဘာကြောင့်ပါလဲရှင်။ တိမ်မဟုတ်ဘူးနော်။
Saw Myint Myint Aung(FB)

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ မျက်လုံးအတွင်းတိမ်က နုရာကနေရင့်လာတယ်။ အဲဒီလို ရင့်တဲ့ အခြေအနေမှာ တချို့က တအားကြီး ရင့်ပြီး ခဲနေတယ်။ ခဲရာကနေ မာကျောနေတယ်။ အဲဒီလိုမျိုး အခြေအနေကို လူနာ နားလည်အောင် “အမေ့ မျက်လုံးအတွင်းတိမ်က သိပ်ကို ရင့်ပြီး မာကျောနေပြီ၊ ကျောက်လောက်တောင် ဖြစ်နေပြီ”လို့ လူနာက နားလည်မှု လွဲမှားပြီး ကျောက်ဖြစ်သွားတယ်လို့ ထင်တာ ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ ကျောက်ဖြစ်သွားတယ်ဆိုတာ ခရစ္စတယ်ဖြစ်သွားတာမျိုးပါ။ အတွင်းတိမ်က ကျောက်ဖြစ်တာ မဟုတ်ပါဘူး။ တစ်ခါတလေကျတော့ဆေးဝေါဟာရ အခေါ်အဝေါ်ကို လူအများနားလည်အောင် ပြောဆိုရှင်းပြဖို့က ခက်ခဲတော့ “အတွင်းတိမ်က ခဲပြီး မာကျောလို့ ကျောက်လိုတောင်ဖြစ်နေပြီ”လို့ ပြောတာကိုကျောက်ဖြစ်သွားပြီလို့ မှားထင်တာ ဖြစ်ပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top