Healthy Life Ad
International

ရေသောက်ပျင်းသည့် အမျိုးသား၏ ကျောက်ကပ်ထဲမှ ကျောက်များစွာတွေ့

ကိုထက်

အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ကျောက်ကပ်နာကျင်တဲ့ ဝေဒနာခံစားရကာ ဆေးရုံသို့ ရောက်လာခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ကျန်းမာရေးစစ်ဆေးစဉ် ညာဘက်ကျောက်ကပ်ထဲမှာ ကျောက်၁၀လုံးရှိကြောင်း တွေ့ခဲ့ရပေမယ့် နာကျင်မှုကို မခံစားခဲ့ရပါဘူး။ ဒါကြောင့် လျစ်လျူရှုနေထိုင်ခဲ့တဲ့အခါ နောက်ပိုင်းမှာ ပိုဆိုးလာခဲ့ပါတယ်။ ဒါနဲ့ ဆေးရုံရောက်လာချိန် စစ်ဆေးလိုက်တဲ့အခါ ဘယ်ဘက်ကျောက်ကပ်ထဲမှာ ကျောက်အပြည့်ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။

သူ့အခြေအနေက ပြင်းထန်ပြီး ဘယ်ဘက်ကျောက်ကပ်ဟာ ဆီးကိုတောင် မစွန့်ထုတ်နိုင်တော့တဲ့ အခြေအနေဖြစ်နေကြောင်း ဆရာဝန်တွေက ပြောပြခဲ့ပါတယ်။ လူနာက အလွန်ကြောက်ရွံ့ ထိတ်လန့်စွာနဲ့ ခွဲစိတ်ဖို့ သဘောတူခဲ့ပါတယ်။ ခွဲစိတ်မှုအတွင်း လူနာရဲ့ ဘယ်ဘက်ကျောက်ကပ်မှ ကျောက်အရေအတွက် ၄၂၀ ကို တွေ့ရှိခဲ့တဲ့အတွက် ဆရာဝန်တွေက အလွန်အမင်း အံ့အားသင့်ခဲ့ကြပါတယ်။ ခွဲစိတ်မှုတစ်ခုလုံးမှာ အချိန် ၄၅ မိနစ် ကြာမြင့်ခဲ့ပါတယ်။ အင်ဒိုချိုင်းနားဆေးရုံ၊ ဆီးနှင့်ကျောက်ကပ်ဌာနမှ ဒါရိုက်တာ ခွဲစိတ်ကုဆရာဝန်ဇန်ဇန်းက ပြီးခဲ့တဲ့နှစ် ၂၀အတွင်း ဒါမျိုးအဖြစ်အပျက် မတွေ့ဖူးဘူးလို့ ဆိုပါတယ်။

ကျောက်ကပ်ထဲက ကျောက်အရွယ်အစား အမျိုးမျိုးကို တွေ့ရှိခဲ့ရပြီး ၁၀ဝ ခန့်က အလွန်အမင်းကြီးမားကာ ကျောက်ကပ်ထိခိုက်မှု ဖြစ်နေပြီလို့ဆိုပါတယ်။ လူနာအမျိုးသားက ဒီလိုဖြစ်ရတာဟာ တိုဟူးကိုပဲစားပြီး ရေသောက်ပျင်းတဲ့ အကျင့်ကြောင့်လို့ ဆိုပါတယ်။ ကျောက်ကပ်ကျောက်တည်တာကို ရှောင်လွှဲဖို့ မခက်ခဲပါဘူး။ အရေးကြီးဆုံးအရာက အောက်ဇဲလ်လိတ် ပါဝင်မှုများတဲ့အစာ၊ တိရစ္ဆာန်ထွက်အသားများများ၊ သကြားနဲ့ အဆီအအိမ့်စာတွေကို များများမစားဘဲနေဖို့နဲ့ ရေများများသောက်ဖို့ဖြစ်တယ်လို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။

Ref;freedy.com

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top