Healthy Life Ad
Health Tips

ည ည အိပ်ရေးဝ၀ အိပ်ပျော်လိုလျှင်…

၊ လရိပ်မေ ၊

ည ည နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်ရင် အောက်ပါ နည်းလမ်းတွေကို လိုက်နာရပါမယ်။

– ခြေထောက်အေးကြီးနဲ့ အိပ်ရာမဝင်သင့်ပါ

ခြေထောက်အေးကြီးနဲ့ ဘယ်တော့မှ အိပ်ရာ မဝင်ပါနဲ့။ ခြေထောက်နွေးအောင် ခြေအိတ်ဝတ်ပြီး အိပ်သင့်ပါတယ်။

– ခါးနာနေရင် ဘေးတစ်စောင်း အိပ်ပါ

ခါးနာနေချိန်မှာ ပက်လက်လှန်ပြီး အိပ်တာနဲ့ မှောက်အိပ်တာတို့ ရှောင်ပြီး ခန္ဓာကိုယ်ကို ဘယ်ဘက် ဒါမှမဟုတ် ညာဘက်စောင်းအိပ်သင့်ပါတယ်။

– သက်သောင့်သက်သာရှိတဲ့ မွေ့ရာနဲ့ အိပ်ပါ

အရည်အသွေးမြင့်တဲ့ မွေ့ရာကိုဝယ်ပြီး သက်သောင့်သက်သာရှိရှိ အိပ်စက်မှသာ ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ရေးဝမှာ ဖြစ်ပါတယ်။

– အိပ်ရာမဝင်ခင် အရက်မသောက်ပါနဲ့

အိပ်ရာမဝင်ခင် အရက်မသောက်ပါနဲ့။ အရက်သောက်ပြီး အိပ်ရင် နှစ်ခါ-သုံးခါလောက် နိုးပြီး အိမ်သာသွားနေရပါလိမ့်မယ်။

– တောက်ပတဲ့ နိုးစက်နာရီ မသုံးပါနဲ့

နိုးစက်နာရီက အိပ်ရေးပျက်စေပြီး ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။

– အိပ်ရာမဝင်ခင် စာမဖတ်ပါနဲ့

အိပ်ရာမဝင်ခင် စာမဖတ်ပါနဲ့။ မအိပ်ခင် အချိန် တစ်နာရီလောက်ကြိုပြီး စာဖတ်ထားပါ။ အိပ်ရာထဲ စာအုပ်ယူသွားတာကို ရှောင်ပါ။

– အိပ်ရာမဝင်ခင် နှစ်နာရီခြားပြီး ညစာ စားပါ

အိပ်ရာမဝင်ခင် နှစ်နာရီနီးပါးခြားပြီး ညစာ စားသင့်ပါတယ်။ ညအိပ်ရာဝင်ခါနီး အစာစားရင် လေပွတာနဲ့ အစာမကြေတာတို့ ဖြစ်နိုင်သလို ရင်ပူဝေဒနာရကာ လေထစေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top