Healthy Life Ad
Health Tips

လေပွပြီး အစာမကြေဖြစ်လျှင် သက်သာရာ ရစေမည့် နည်းလမ်းကောင်းများ

မီမိုး ( ဆေးဝါးတက္ကသိုလ် )

လူ့ခန္ဓာကိုယ်ကနေ တစ်နေ့မှာ လေနှစ်ဂါလံလောက် ထွက်ရှိနေတယ်ဆိုတာ သင်သိပါသလား။ ပုံမှန်အတိုင်း လေတွေ မထွက်ရှိရင်၊ မပျော်ဝင်တဲ့ အမျှင်ဓာတ်၊ ပဲ၊ နို့ စတာတွေကို အများကြီး စားသောက်မိရင် လေပွပြီး အစာမကြေတဲ့ ဝေဒနာ ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ အမြန်ဆုံးသက်သာရာရစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေ ရှိပါ တယ်။

လမ်းလျှောက်ပါ
လမ်းလျှောက်တာကလည်း အစာအိမ်အူလမ်းကြောင်းထဲကနေ လေအများအပြားထွက်ရှိအောင် အားပေးတဲ့နည်းနဲ့ လေပွလေထတာနဲ့ ဗိုက်နာတာတို့ကို သက်သာစေပါတယ်။

လှဲနေပါ
လေလည်စေဖို့ အမြန်ဆုံးနည်းက အိပ်ရာထဲမှာ လှဲနေပြီး ဒူးတွေကို ဝမ်းဗိုက်ဆီ ဆွဲထားလိုက်ပါ။

ချင်း(ဂျင်း)လက်ဖက်ရည် သောက်ပါ
ချင်း(ဂျင်း)လက်ဖက်ရည်ဟာ အစာမကြတဲ့ ဝေဒနာကို ကောင်းကောင်းတွန်းလှန်နိုင်စွမ်း ရှိပါတယ်။ လတ်လတ်ဆတ်ဆတ်ထောင်းထားတဲ့ ချင်း(ဂျင်း)ကို ရေနွေးတစ်ခွက်ထဲထည့်ကာ အချိန်ငါးမိနစ်လောက် နှပ်ထားလိုက်ပါ၊ ပြီးမှ ဖြည်းဖြည်းချင်း သောက်ပေးရမှာ ဖြစ်ပါတယ်။

ပူဒီနာ (ပူစီနံ) လက်ဖက်ရည် သောက်ပါ
ချင်း(ဂျင်း)လက်ဖက်ရည်မသောက်ချင်ရင် ရေနွေးကြမ်းထဲ ပူဒီနာ(ပူစီနံ)ရွက်ခတ်ပြီး သောက်ပေးပါ။ လေပွလေထတာအပါအဝင် အစာမကြေတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ ရင်ပူနေရင်တော့ ဒီနည်းမသုံးပါနဲ့။

သင်္ဘောသီး စားပါ
သင်္ဘောသီးဟာ ကိုယ်ခံအားစနစ်နဲ့ မျက်စိကျန်းမာရေးအတွက် ကောင်းပါတယ်။ သင်္ဘောသီးမှာ ပက်ပိန်းအင်ဇိုင်းပါဝင်တဲ့အတွက် လေပွတဲ့ ဝေဒနာကို သက်သာစေပါတယ်။ ပက်ပိန်းအင်ဇိုင်းက အစာကြေညက်စေပြီး လေလည်အောင် ကူညီပေးပါတယ်။
Ref; HD

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top