Healthy Life Ad
Health Tips

ကိုယ်အလေးချိန်ထိန်းလိုသူတို့အတွက် အကောင်းဆုံးစားသောက်နည်း ၁၀

၊ ငွေကြယ်စင်ယံ ၊

ကိုယ်အလေးချိန်လျော့ကျဖို့ အဓိကသော့ချက်က အစာကို လျှော့စားဖို့နဲ့ လေ့ကျင့်ခန်းကို ပိုလုပ်ဖို့ပဲဖြစ်ပါတယ်။ လူအများစုက ကိုယ်အလေးချိန်ထိန်းဖို့ ခက်ခဲနေတတ်တဲ့အတွက် သူတို့တွေ နေ့စဉ် လိုက်နာသင့်တဲ့ စားသောက်နည်းတွေကို အကြံပြုလိုက်ပါတယ်။

(၁) ရေများများ သောက်ပါ
ရေဓာတ်ပြည့်ဝတာကြောင့် ခန္ဓာကိုယ်မှာ စိတ်ကျေနပ်စေပြီး အစာစားချင်စိတ်နဲ့ ဆာလောင်မှု လျော့ကျစေပါတယ်။

(၂) ဟင်းသီးဟင်းရွက် များများ ထည့်စားပါ
ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေကို အများအပြား စားပေးတာကြောင့် နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်ကို ရရှိစေပါတယ်။ တစ်နေ့လုံး ကယ်လိုရီရရှိမှု လျော့ကျစေဖို့ အမျှင်ဓာတ် များများစားပေးသင့်ပါတယ်။

(၃) ဗိုက်ဆာသလား၊ မဆာဘူးလားဆိုတာ သေချာပါစေ
အစာစားချင်တဲ့အခါတိုင်း ဗိုက်တကယ်ဆာတာလား၊ မဆာဘူးလားဆိုတာ ဆန်းစစ်ပါ။ ဗိုက်ဆာမှသာ စားသင့်ပါတယ်။ အစာစားပြီးတဲ့အခါ လေပွတာ၊ မောပန်းတာနဲ့ ပြည့်အင့်တာတွေ ဖြစ်မယ့်အစား စိတ်ကျေနပ်မှု ရရှိသင့်ပါတယ်။

(၄) ညဘက် သရေစာကို ရွေးချယ်စားပါ
ညဘက် သရေစာစားချင်ရင် အိပ်ရာမဝင်ခင် စားနိုင်ပါတယ်။ အဲဒီအခါ ကယ်လိုရီနည်းပြီး ကျန်းမာရေးအတွက် သင့်တော်တဲ့ ဒိန်ချဉ် စားပေးပါ။ အာလူးချောင်းကြော်လို အဆီအအိမ့်များတဲ့ အစာကို ရှောင်ပါ။

(၅) အကြိုက်ဆုံးအစာကို စားပါ
သင်အကြိုက်ဆုံး အစာတွေကို မစားဘဲ နေပါများရင် စိတ်ထဲမှာ ဘာစားစားကျေနပ်မှုရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်အနှစ်သက်ဆုံးအစာကို အသင့်အတင့်စားပေးပါ။

(၇) နံနက်စာ၊ နေ့လယ်စာနှင့် ညစာတွင် ပရိုတင်း ထည့်စားပါ
ပရိုတင်းဓာတ်က အဆီနဲ့ ကာဗိုဟိုက်ဒရိတ်ထက် ပိုဗိုက်ပြည့်စေတာကြောင့် ကိုယ်အလေးချိန်ကို ထိထိရောက်ရောက် လျော့ကျစေပါတယ်။

(၈) မီးဖိုချောင်ထဲ ကျန်းမာရေးနှင့် ညီညွတ်သည့်အစာပဲ ဝယ်ထည့်ထားပါ
သရေစာစားတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာစားဖြစ်စေဖို့ အိမ်မှာ ငှက်ပျောသီး၊ ပန်းသီးစတဲ့ အသီးအနှံတွေ ထည့်ထားသင့်ပါတယ်။

(၆) နေ့ဘက်တွင် ကယ်လိုရီနည်းသော အစာစားပါ
နေ့လယ်စာ စားတဲ့အခါ ကယ်လိုရီနည်းတဲ့ အစာကို နည်းနည်းစီ စားတာကြောင့် ညစာကို အလွန်အမင်းစားတာမျိုး မဖြစ်စေတော့ပါဘူး။

(၉) ဟင်းခတ်အမွှေ့းအကြိုင်ထည့်စားပါ
သင်စားနေကျအစာထဲ ဟင်းခတ်အမွှေးအကြိုင်ထည့်စားတာကြောင့် အရသာ ပိုရှိစေပြီး ပိုမို ဗိုက်ပြည့်စေပါတယ်။

(၁၀) စိတ်ဖိစီးမှုထိန်းချုပ်နိုင်မည့်အရာလုပ်ဆောင်ပါ
စိတ်ဖိစီးမှုများရင် အစာကို အလွန်အမင်း စားဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်စေဖို့ အလုပ်ကို အဆက်မပြတ် လုပ်ဆောင်ပါ၊ ဝါသနာပါ တဲ့အလုပ်ကို လုပ်ဆောင်ပါ၊ အားကစားလုပ်ပါ။

Most Popular

Healthy Life Ad
To Top