Healthy Life Ad
Health Tips

သင့်မှတ်ဉာဏ်ကို ဆိုးရွားစွာထိခိုက်စေနိုင်သည့် အချက်များ

၊ ငွေကြယ်စင်ယံ ၊

ဘယ်လိုအလုပ်ပဲ လုပ်လုပ်၊ ကိုယ်လုပ်ရမယ့်အလုပ်အပေါ်မှာ အရာရာကို ကောင်းကောင်း မှတ်သားနိုင်စွမ်းရှိတယ်ဆိုရင် တိုးတက်အောင်မြင်မှုတွေကို ရရှိလာမှာဖြစ်ပါတယ်။ လူတွေ၊ နာမည်တွေကို တွဲဖက်မှတ်မိနေရင်လည်း လူမှုဆက်ဆံရေးမှာပိုပြီး အပေါင်းအသင်းဝင်ဆန့်စေပါတယ်။

(၁) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာကြောင့် အသက်ရှူတဲ့စနစ်ကို ထိခိုက်စေတဲ့အပြင် အဆုတ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာကြောင့် ဦးနှောက်ဆီကို သွေးစီးဆင်းမှုထိခိုက်သွားပါတယ်။ အဲဒါရဲ့အကျိုးဆက်ကြောင့် မှတ်ဉာဏ်ဆုံးရှုံးမှု ဖြစ်ရတာပါ။ ဆေးလိပ်သောက်တဲ့အတွက် ဦးနှောက်အတွင်းထဲမှာ ပုံမှန်မဟုတ်တဲ့ ပရိုတင်းဖြစ်ပေါ်ပြီး မှတ်သားနိုင်စွမ်းကို ထိခိုက်စေပါတယ်။

(၂) စိတ်ဓာတ်ကျခြင်းနှင့် ပူပင်သောကများခြင်း

စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကများတာတို့ကြောင့် ကော်တီစောဟော်မုန်းအဆင့် မြင့်တက်ကာ ဦးနှောက်ကနေ Synapses တွေ ဆုံးရှုံးလာပါတယ်။ အဲဒီအတွက် နူရွန်တွေက အချင်းချင်းမဆက်သွယ်နိုင်တော့ဘဲ အချက်အလက်တွေကို စုပ်ယူဖို့ခက်ခဲလာပါတော့တယ်။

(၃) သိုင်းရွိုက်ရောဂါ

သိုင်းရွိုက်ရောဂါဖြစ်ရင် ဦးနှောက်နဲ့ မှတ်ဉာဏ်လုပ်ငန်းဆောင်တာကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် သတင်းအချက်အလက်တွေကို အာရုံစိုက်နိုင်စွမ်း လျော့ကျလာပါတော့တယ်။

(၄) အိပ်ရေးပျက်ခြင်း

အိပ်ရေးပျက်တာကြောင့် ကျန်းမာရေးနဲ့ဉာဏ်ရည်ကို လျော့ကျစေပါတယ်။ ဒါကြောင့်နေ့တိုင်း တစ်ညအိပ်ချိန်ရှစ်နာရီ ရှိပါစေ။ နေ့ခင်းမှာ တစ်ရေးအိပ်တာကလည်း ဦးနှောက်စွမ်းအားကို ပြန်လည်အားဖြည့်ပေးပါတယ်။

(၅) သွေးဆုံးခြင်း

သွေးဆုံးချိန်မှာ မှတ်ဉာဏ်လုပ်ငန်းဆောင်တာ ထိခိုက်သွားတတ်ပါတယ်။ အမျိုးသမီးတွေသွေးဆုံးချိန်မှာ ခံစားရတဲ့ ညဘက်ပူနွေးတာ၊ ချွေးထွက်များတာ စတဲ့ ဝေဒနာတွေကြောင့် အိပ်ရေးပျက်ပြီး မှတ်သားနိုင်စွမ်း လျော့ကျသွားတတ်ပါတယ်။

မှတ်ဉာဏ်ကောင်းအောင်

– အခွံမာသီးနဲ့ ကောက်နှံတစ်ခုလုံးစာကို စားတာကြောင့် မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်စေပါတယ်။

– တရားထိုင်တာ၊ တရားမှတ်တာကြောင့် မှတ်ဉာဏ်ကောင်းစေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top